ဘာသာရေးကဏ္ဍ

ယင်းမာပင်​မြို့၌ အစ္စလာမ်​​ဘာသာဝင်​ ၇၁ဦးနှင့် ခရစ်​ယာန်​ဘာသာဝင်​နှစ်​​ဦးတို့ ဗုဒ္ဓဘာသာဝင်​အဖြစ်​သို့ကူး​ပြောင်းလျက်​ရှိ

k6

ယင်းမာပင်​၊​ ဇွန်​ ၁၈

            စစ်​ကိုင်းတိုင်း​ဒေသကြီး၊ ယင်းမာပင်​ခရိုင်​၊ ယင်းမာပင်​မြို့နယ်​​ ​ရေဝန်း​ကျောင်းတိုက်​ သံဃာ့နာယကဥက္ကဌဆရာ​တော်​ဦးအာဒိစ္စ အမှူးပြု​သော မဘသ ဆရာတော်ကြီးများ​ ၁၉ပါး​၊တိုင်း​ဒေသကြီးလွှတ်​​တော်​ကိုယ်​စားလှယ်​ ဦး​အောင်​ဗိုလ်​မြင့်၊ ယင်းမာပင်​ခရိုင်​အုပ်​ချုပ်​​ရေးမှူး ဦး​ဇော်​မျိုးညွန့်၊ မြို့နယ်​အုပ်​ချုပ်​​ရေးမှူး ဦးစိုးဝင့်နှင့် ခရိုင်​/မြို့နယ်​အဆင့်တာဝန်​ရှိသူများရှေ့​မှောက်​တွင်​မည်​သူတစ်​ဦးတစ်​​ယောက်​၏ ​သွေး​ဆောင်​ဖျား​ယောင်းခြင်း ခြိမ်း​ခြောက်​ခြင်းတို့​ကြောင့်မဟုတ်​ဘဲ အစ္စလာမ်​ဘာသာနှင့် ခရစ်​ယာန်​ဘာသာတို့မှ မိမိတို့ဆန္ဒသ​ဘောအ​လျှောက်​ ဗုဒ္ဓဘာသာဝင်​အဖြစ်​ကူး​ပြောင်းပွဲကြီးကို ပထမအကြိမ်​အဖြစ်​ (က၊ခ)ရပ်​ကွက်​တို့မှ အစ္စလာမ်​ဘာသာဝင်​ ၇၁ ဦးနှင့် ခရစ်​ယာန်​ဘာသာဝင်​ နှစ်​​ဦး တို့သည်​ ဇွန်​၁၈ ရက်​၊နံနက်​၉နာရီကယင်းမာပင်​မြို့​ရွှေ​စေတီဘုရားဝန်း အတွင်းရှိခဏ္ဍသိမ်​​တော်​တွင်​ကျင်းပပြုလုပ်​ခဲ့ကြောင်းသိရသည်​။

            ​ရှေးဦးစွာအခမ်းအနားကို ဆရာ​တော်​ကြီးများနှင့် တက်​​ရောက်​လာကြသည့် ဧည့်ပရိတ်​သတ်​အ​ပေါင်းတို့က န​မောတဿ (၃)ကြိမ်​ဘုရားကန့်​တော့ရွတ်​ဆိုကာ ဖွင့်လှစ်​​ပေးကြသည်​။ဆက်​လက်​ပြီး မြို့နယ်​သံဃနာယကဥက္ကဌ ဆရာ​တော်​ဦးအာဒိစ္စက တက်​​ရောက်​လာသူများအား ငါးပါးသီလချီးမြှင့်ပေးပြီး ဩဝါဒ ကထာမြွတ်​ကြားခဲ့သည်​။

            ထို့​နောက်​ ဗုဒ္ဓဘာသာ မျိုး​စောင့်ဥပ​ဒေ ပြဌာန်းချက်​အရ ဂတိသစ္စာဝန်​ခံချက်​ကို မြို့နယ်​ ဥပတ္ထမ္ဘကအဖွဲ့ ဒု-ဥက္ကဌ ဦးတင်​​အောင်​စိုးမှ ဖတ်​ကြားပြီး မိမိတို့ဆန္ဒသ​ဘောအ​လျှောက်​ မိမိသက်​ဝင်​ယုံကြည်​​သော ဗုဒ္ဓဘာသာသို့ကူး​ပြောင်းသူများစာရင်းကိုကြေငြာ​ပေးခဲ့သည်​။

             ယင်းနောက်​ ဗုဒ္ဓဘာသာမျိုး​စောင့်ဥပ​ဒေပြဌာန်းချက်​အရ ဂတိသစ္စာဝန်​ခံချက်​ကို အစ္စလာမ်​ဘာသာ၊ခရစ်​ယာန်​ဘာသာတို့မှ ဗုဒ္ဓဘာသာဝင်​အဖြစ်​သို့ မိမိတို့သ​ဘောဆန္ဒဖြင့် မြို့နယ်​သံဃ နာယက ဥက္ကဌ ဆရာ​တော်​ကြီးနှင့် မဘသဆရာ​တော်​ကြီးများ၊ ခရိုင်​/မြို့နယ်​ ဌာနဆိုင်​ရာတာဝန်​ရှိသူများ၊မဘသဒု-ဥက္ကဌ၊ ခရိုင်​/မြို့နယ်​သာသနာ​ရေးမှူး၊ဖိတ်​ကြားထား​သောဧည့်သည်​​တော်​များ​ရှေ့​မှောက်​တွင်​ သ​ဘောတူလက်​မှတ်​​ရေးထိုးခဲ့​ကြသည်​။ဆက်​လက်​ပြီး  ယင်းမာပင်​မြို့နယ်​ မဟာ​ဇောတိကာရာမ​ကျောင်းတိုက် ​မြို့နယ်​သံဃ နာယက အတွင်း​ရေးမှူး ဆရာ​တော်​ ဦး​ရေဝဒက ဗုဒ္ဓဘာသာဝင်​သို့ကူး​ပြောင်းလာ​သော အစ္စလာမ်​ဘာသာဝင်​ ၇၁ ဦးနှင့် ခရစ်​ယာန်​ဘာသာဝင်​ နှစ်​​ဦး စုစု​ပေါင်း ၇၃ ဦးတို့အား သရဏဂုဏ်​ (၃)ပါး​ဆောက်​တည်​​ပေးပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု (၃)ကြိမ်​ရွတ်​ဆိုကာ အခမ်းအနားကိုရုတ်​သိမ်းလိုက်​​ကြောင်​းသိရသည်​။

             ထို့​နောက်​ ယင်းမာပင်​မြို့နယ်​ စား​တော်​ပြင်​​ကျေးရွာပြည်​သူလူထုကိုယ်​စား ​ဦး​အောင်​စိုးက မြို့နယ်​ ဥပတ္ထမ္ဘကအဖွဲ့ ဒု-ဥက္ကဌ ဦးတင်​​အောင်​စိုးထံသို့ နွားဇီဝိတဒါနအဖြစ်​ အလှူ​တော်​​ငွေကျပ်​ ၅၄၀၀ဝ ကျပ်​ကို ​လည်း​ကောင်း၊ တက်​​ရောက်​လာကြသည့်တာဝန်​ရှိသူများမှ အလှူ​တော်​​ငွေကျပ်​ ၃၀၀၀ဝ ကိုလည်း​ကောင်း စုစု​ပေါင်​းငွေကျပ်​ ၈၄၀၀ဝ ကိုအသီးသီးပေးအပ်​လှူဒါန်းခဲ့ပြီး ဆရာ​တော်​ကြီး ၁၉ ပါးနှင့် အတူ တာဝန်​ရှိသူများပါမကျန်​ ဗုဒ္ဓဘာသာဝင်​သို့ ကူ​ပြောင်းလာသူ ၇ဝ ဦးတို့က အမှတ်​တရမှတ်​တမ်းတင်​ဓာတ်​ပုံရိုက်​ကူးခဲ့ကြသည်​။

             ယင်းမာပင်​မြို့​ပေါ် (၄)ရပ်​ကွက်​မှ လူဦး​ရေ ၄၄၁၃ ဦးနှင့် ကျေးရွာအုပ်​စု ၄၂ အုပ်​စုတွင်​ လူဦး​ရေ ၁၄၂၈၂၅ ဦး ရှိရာတွင်​ ဗုဒ္ဓဘာသာဝင်​ ၁၄၆၇၅၈ ဦး၊ အစ္စလာမ်​ဘာသာဝင်​ ၄၇ဝ ဦး၊ ခရစ်​ယာန်​ဘာသာဝင်​ ၁ဝ ဦး၊ စုစု​ပေါင်းလူဦး​ရေ ၁၄၇၂၃၈ ဦး​​ နေထိုင်​လျက်​ရှိသည်။ ယခုအခါ အစ္စလာမ်​ဘာသာဝင်​ ကျား ၂၉ဦး၊ မ ၄၂ဦးနှင့် ခရစ်​ယာန်​ဘာသာဝင်​ ကျား ၁ ဦး၊ မ ၁ ဦး စုစု​ပေါင်း လူဦး​ရေ ၇၃ဦးသည်​ ဗုဒ္ဓဘာသာဝင်​အဖြစ်​သို့ ပထမအကြိမ်​ကူး​ပြောင်းလာခြင်းဖြစ်​​ကြောင်း မြို့နယ်​သာသနာ​ရေးမှူးက ​ပြောကြားသည်​။ ဆက်​လက်​ပြီး ဒုတိယအကြိမ်​အဖြစ်​ အခြားဘာသာများမှ ဗုဒ္ဓဘာသာဝင်​အဖြစ်​သို့ ကူးပြောင်းလာရန်​ရှိ​ကြောင်းအခမ်းအနားသို့ တက်​​ရောက်​သူတစ်​ဦးထံမှ သိရသည်​။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇