ပညာရေးကဏ္ဍ

ဝန်ထမ်းသား၊ သမီးများအား ပညာသင်ထောက်ပံ့ကြေးများ မြင်းမူမြို့၌ ပေးအပ်

k7

မြင်းမူ   ဇွန်(၁၈)

            စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား၊ သမီးများအား ၂၀၁၅-၂၀၁၆ပညာသင်နှစ်အတွက် ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ပွဲကို ဇွန်လ(၁၈)ရက်က မြင်းမူမြို့၊ ရွှေပြည်သစ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

            အခမ်းအနားတွင် မြင်းမူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ဝန်ထမ်းသား၊ သမီးများ ပညာကို အဆင်ပြေစွာ သင်ကြားနိုင်ရေးအတွက် ပညာသင်ထောက်ပံ့ကြေးများကို ပေးအပ်ခြင်း ဖြစ်ကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့ဘဝ တိုးတက်မြင့်မားရေးအတွက် ပညာကို ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

k8

            ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်၊ မြို့နယ်ထွေ/အုပ်ဦးစီးဌာန ဝန်ထမ်းမိသားစု စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်သင်းသင်းနိုင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်းနှင့် တာဝန်ရှိသူ များက ကျောင်းသား၊ ကျောင်းသူများအား ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြသည်။

            မြင်းမူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ဝန်ထမ်းသား၊ သမီး ကျောင်းသား၊ ကျောင်းသူ တက္ကသိုလ်အဆင့်(၁၂)ဦး၊ အထက်တန်းအဆင့်(၈)ဦး၊ အလယ်တန်းအဆင့်(၉)ဦးနှင့် မူလတန်းအဆင့်(၁၃)ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၄၂)ဦးအတွက် ပညာသင်ထောက်ပံ့ကြေး ငွေကျပ်-၁၅၅၅၀ဝိ/- ကို ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇