ပညာရေးကဏ္ဍ

ကျောင်းထောက်ပံ့ကြေးလုပ်ငန်းများ(မြို့နယ်အဆင့်) မြင်းမူမြို့၌ အလုပ်ရုံဆွေးနွေး

MyinMu150623

 

     ကျောင်းထောက်ပံ့ကြေးလုပ်ငန်းများ မြို့နယ်အဆင့် အလုပ်ရုံဆွေးနွေးပွဲကို စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့၌ ဇွန်လ(၁၉)ရက်မှ (၂၁)ရက်အထိ (၃)ရက်ကြာ ကျင်းပခဲ့ရာ မြို့နယ်အတွင်းရှိ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

     အဆိုပါ အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးသိန်းဇော်က အမှာစကား ပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြသိန်းက ၂၀၁၅-၂၀၁၆ပညာသင်နှစ်တွင် မြို့နယ်အတွင်းရှိ ကျောင်းများသို့ ကျောင်းထောက်ပံ့ကြေးများ ထောက်ပံ့ပေးမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

     ထို့နောက် မြို့နယ်စာရင်းစစ်အရာရှိ ဒေါ်မြင့်မြင့်ကြည်က ကျောင်းထောက်ပံ့ကြေးများကို ဘဏ္ဍာရေးစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ စနစ်တကျ သုံးစွဲရေး ရှင်းလင်းဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရာ တက်ရောက်လာကြသည့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများအား အစုအဖွဲ့များ ဖွဲ့စည်း၍ မိဘရပ်ရွာ ပူးပေါင်းပါဝင်ခြင်း၊ ရပ်ရွာလူထုနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ကျောင်းထောက်ပံ့ကြေးများအား အကျိုးရှိအောင် သုံးစွဲသောအဖွဲ့နှင့် အကျိုးမရှိအောင် သုံးစွဲသော အဖွဲ့ဟူ၍ အစုအဖွဲ့ များဖြင့် သရုပ်ပြဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇