ပညာရေးကဏ္ဍ

အလှူရှင် ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်အား မြို့နယ်ပညာရေးဌာနသို့ လွှဲပြောင်းပေးအပ်

u2

 မြင်းမူ  ဇွန်(၂၃)

            စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ စံတင်ကင်း(မ)ကျေးရွာ၊ အခြေခံပညာမူလတန်းကျောင်း တွင် အလှူရှင် ဆရာတော်ဘဒ္ဒန္တသုမနနှင့် ဒေါ်စန်းညို မောင်နှမတစ်စုတို့က ဆောက်လုပ်လှူဒါန်းသည့် ကျောင်းဆောင်သစ်အား မြို့နယ်ပညာရေးဌာနသို့ ဇွန်လ(၂၃)ရက်က လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

            အဆိုပါ ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသောင်းမြင့်နှင့် မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးသိန်းဇော်တို့က အမှာစကားပြောကြားကြပြီး အလှူရှင် ဒေါ်စန်းညိုက ကျောင်းဆောင်သစ်နှင့် ပတ်သက်သည့် စာရွက်စာတမ်းများကို မြို့နယ် ပညာရေးမှူး ဒေါ်မြသိန်းထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ဆက်လက်ပြီး မြို့နယ်ပညာရေးမှူး ဒေါ်မြသိန်းနှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးမြင့်ဆွေတို့က ကျေးဇူး တင် စကား ပြန်လည်ပြောကြားခဲ့ကြသည်။

u3

            ထို့နောက် စံတင်ကင်း(မ)ကျေးရွာမှ အလှူရှင် ဦးကျော်လွင်ဦး+ဒေါ်ချိုချိုဝင်း မိသားစုက ကျောင်းသုံးဗလာ စာအုပ်(၆)ဒါဇင်၊ ဘောလ်ပင်(၆)ဒါဇင်နှင့် ခဲတံ(၆)ဒါဇင်အား ကျောင်းသား၊ ကျောင်းသူများထံသို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

            အဆိုပါ ကျောင်းဆောင်သစ်သည် အလျား(၄၀)ပေ၊ အနံ(၂၆)ပေ၊ အမြင့်(၁၃)ပေရှိ သွပ်မိုး၊ အုတ်ကာ၊ သမံတလင်းခင်း အဆောက်အဦးဖြစ်ပြီး ငွေကျပ်သိန်း(၁၀၀) အကုန်ကျခံ ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်ပြီဖြစ်ကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇