ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

မဲစာရင်းတွင် အမည်ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားခြင်းမရှိသူများအား အရာတော်မြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်ပေး

လာမည့် ၂၀၁၅ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် ပါတီစုံ အထွေထွေ ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်အတွင်းမှ မဲဆန္ဒပေးပိုင်ခွင့်ရှိသူများစာရင်းတွင် အမည် ပါဝင်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသူများအား မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနမှူးရုံးက စက်တင်ဘာလ (၂၁)ရက်နေ့က အရာတော်မြို့၊ အမှတ်(၂)ရပ်ကွက် သို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ကွင်းဆင်း ဆောင်ရွက်သည့် နေရာသို့ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ရေး ဦးစီးဌာနမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးစိုးပိုင်မြင့် လာရောက်ကြည့်ရှုအားပေးခဲ့ပြီး ပြည်သူများအား နိုင်ငံသား ဆိုင်ရာ ကိစ္စရပ်များနှင့် လူတိုင်းနိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားကြရန် လိုအပ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

အလားတူ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှူးရုံးမှ အရာတော်မြို့နယ် ကျောက်ပျောက်ကျေးရွာအုပ်စုတွင်လည်း ကွင်းဆင်း ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိ ရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇