ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

မုံရွာမြို့တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် တိုင်းဒေသကြီးတာဝန်ခံနှင့် မုံရွာခရိုင်ကော်မရှင်အဖွဲ့ခွဲဝင်များတွေ့ဆုံ

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အတွင်း အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်( စစ်ကိုင်းတိုင်း ဒေသကြီး တာဝန်ခံ) ဦးဝင်းကြည်နှင့် မုံရွာခရိုင်နှင့် မုံရွာမြို့နယ်ကော်မရှင် အဖွဲ့ခွဲများနှင့်တွေ့ဆုံပွဲကို စက်တင်ဘာလ (၂၂)ရက်နေ့နံနက်(၉)နာရီက မုံရွာခရိုင်ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီး ကော်မရှင်အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မုံရွာခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ခွဲဥက္ကဌနှင့်အဖွဲ့ဝင်များ တက်ရောက်ကြသည်။

တွေ့ဆုံပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်( စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) က နောက်တစ်ကြိမ် မဲစာရင်းသည် နောက်ဆုံးအကြိမ် ကပ်ခြင်းဖြစ်သဖြင့် အမှားမပါစေအတွက် စေ့စပ်စွာ ဆောင်ရွက်ကြရန် လိုကြောင်း၊ ရပ်ကွက်ကျေးရွာများတွင် ပုံစံ(၃)လျှောက်လွှာများသည် အရေးကြီးသဖြင့် စနစ်တကျစိစစ် လက်ခံရန်နှင့် ထိန်းသိမ်းကြလိုကြောင်း၊ မဲစာရင်း စတင် ကြေညာသည့်အချိန်မှ ယခုနောက် ဆုံးအချိန်အတွင်း သေဆုံးသူများ၊ ယခင်သေဆုံးပြီး မဲစာရင်တွင် ထည်းသွင်းထားသူများ အတွက် ပယ်ဖျက် သည့်ပုံစံ(၄) များအားလည်း စနစ်တကျ ဆောင်ရွက်ထားရှိရန်၊ ရေကြီးနစ်မြုပ်သည့်ဒေသများတွင် မှတ်ပုံတင် ပျောက်ဆုံးခဲ့သူများ အား ဆန္ဒမဲသေသက်ခံလက်မှတ်များ ထုတ်ပေးပြီး မဲပေးစေမည်ဖြစ်ကြောင်း၊ ဆန္ဒမဲ ပေးပြီး မဲရေတွက်စဉ်တွင် ပယ်မဲများအား အများမြင်သာစေရန်နှင့် သက်ဆိုင်ရာ ပါတီမှ ကိုယ်စားလှယ် များအား ဦးစားပေးပြသပေးရန်၊ မဲများ ရေတွက်သည့်အခါ အမှားများ မဖြစ်ပေါ်စေရေးအတွက် ဆန္ဒမဲ ရေတွက်သည်ကို နှစ်ဆိုင်းဖြင့် ရေတွက်စေရန်၊ ပုံစံ(၁၅) အရ နိုင်ငံခြားရောက်သူများနှင့် နယ်ဝေးခရီးထွက် ခွာနေသူများအတွက် ကြိုတင်မဲပေးနိုင်ရန်အတွက် သက်ဆိုင်ရာမှ အချိန်မီပေးပို့ရန်နှင့် ဆန္ဒမဲရှင်များအနေဖြင့် ကြိုတင်ဆန္ဒမဲများကို တိကျခိုင်လုံသော အကြောင်းပြချက်များဖြင့်အချိန်မီပြန်လည်ပေးပို့နိုင်ရေးတို့ကို သေသေချာချာ မှာကြား ပေးပို့ကြရန် တို့ကို ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက်တွေ့ဆုံပွဲသို့ တက်ရောက်လာသောခရိုင်နှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ ဝင်များက သိရှိလိုသည်များနှင့် ဖြစ်ပေါ်နိုင်သောအခက်အခဲများကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်( စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ)က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီး မုံရွာမြို့ပေါ် ရပ်ကွက်များတွင် မဲစာရင်းများကပ်ထားသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရသည်။

၂ဝ၁၅ ခုနှစ် နိုဝင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲသို့ မုံရွာခရိုင်အတွင်းမှ လွှတ်တော်အသီးသီးသို့ ကိုယ်စားလှယ် (၅၃)ဦးဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်းနှင့် ဆန္ဒမဲရှင် (၂၄၁၇၁၈) ဦးတို့မှ မဲရုံ (၁၅၉)ရုံတို့တွင် ဆန္ဒမဲပေးကြမည်ဖြစ်ကြောင်း သိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇