စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုခရိုင်အတွင်းရှိ လေဘေးသင့် ပြည်သူများအား တွေ့ဆုံအားပေးပြီး ထောက်ပံ့ငွေနှင့်ပစ္စည်းများ ပေးအပ်

201604271

            စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် ဧပြီလ(၂၄)ရက်၊ နံနက်ပိုင်းတွင် ရေဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ (၂၂-၄-၂၀၁၆)ရက်နေ့တွင် လေပြင်းတိုက်ခိုက်မှုကြောင့် ပြိုကျပျက်စီးသွားသော လူနေအိမ် (၇၃)အိမ်အတွက် တစ်အိမ်လျှင် (၂၀ဝ၀ဝ)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေကျပ် (၁၄၆၀ဝ၀ဝ)အား တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

            ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများသည် ခင်ဦးမြို့နယ်၊ မြင်းကျကျေးရွာသို့ ရောက်ရှိရာ လေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ကျေးရွာပြန်လည်ထူထောင်ရေး လုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ထောက်ပံ့ရေးပစ္စည်းများအား ကျေးရွာပြည်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။

            ထို့နောက် မြင်းကျကျေးရွာအတွင်း လေပြင်းတိုက်ခိုက်မှုကြောင့် လူနေအိမ်အဆောက်အဦများ၊ သာသနိကအဆောက်အဦများ ပြိုကျပျက်စီးမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

            ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများသည် ကန့်ဘလူမြို့နယ်၊ ရေရှင်ကျေးရွာ၊ ဘူးကုန်းကျေးရွာ၊ မလယ်ကျေးရွာများမှ လေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး စိုက်ပျိုးရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးပြီး ထောက်ပံ့ရေးပစ္စည်းများအား လေဘေးသင့်ပြည်သူများထံ အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

            ထို့နောက် ရွှေဘိုမြို့နယ် ကျီကျင်းကျေးရွာ၊ မဲကုန်းကျေးရွာနှင့် ဝက်လက်မြို့နယ် ရွှေပန်းကုံးကျေးရွာများသို့ သွားရောက်၍ လေဘေးသင့်ပြည်သူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးကာ ထောက်ပံ့ရေးပစ္စည်းများအား လေဘေးသင့်ပြည်သူများထံ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တာဝန်ရှိသူများက အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇