စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် မုံရွာမြို့နယ် ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ရေလွှဲတံခါးများနှင့် မြေထိန်းနံရံများ ကြံ့ခိုင်မှုအခြေအနေများ ကြည့်ရှုစစ်ဆေး

201605061

            စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ လိုက်ပါလျက် မေလ(၆)ရက်နေ့ နံနက်(၈)နာရီခွဲအချိန်က မုံရွာမြို့နယ် အိုးဘိုတောင်ရပ် ချင်းတွင်းမြစ်ကမ်းမှ ချောင်းဦးမြို့နယ် အမြင့်ကျေးရွာအထိ ချင်းတွင်းမြစ်ရိုးတစ်လျှောက်ရှိ ရေလွှဲတံခါးများနှင့် မြေထိန်းနံရံများ ကြံ့ခိုင်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

            ထိုသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က ရေလွှဲတံခါးများနှင့် မြေထိန်းနံရံများ ကြံ့ခိုင်မှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးရာတွင် လာမည့်နှစ် မိုးဦးကာလတွင် ရေလွှဲတံခါးများ၊ တာတမံများ ကြံ့ခိုင်မှုရှိဖို့လိုအပ်ကြောင်း၊ သို့မှသာ ဒေသတွင်းရှိ ကျေးလက်နေပြည်သူများ ရေဘေးအန္တရာယ်ကင်းဝေးကာ စိုက်ပျိုးသီးနှံများနှင့် ပြည်သူတို့၏ ဥစ္စာပစ္စည်းများ ရေနစ်မြုပ်ပျက်စီးခြင်းမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း၊ သို့ဖြစ်၍ မိုးဦးကာလသို့ မရောက်ရှိသေးသော်လည်း ဒေသအတွင်းရှိ ရေထိန်းတံခါးများ၊ ရေလွှဲတံခါးများ၊ တာတမံများနှင့် မြစ်ကမ်းနားတစ်လျှောက်ရှိ မြေထိန်းနံရံများ ကြံ့ခိုင်မှုရှိရေးနှင့် ကြိုတင်ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း မှာကြားသည်။

                        ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ထံ သက်ဆိုင်ရာဌာနများအလိုက် မုံရွာမြို့နယ် ချင်းတွင်းမြစ်ကမ်းတစ်လျှောက် လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ပုံစံကားချပ်များဖြင့် တင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်ဆွေးနွေးမှာကြားခဲ့ကြောင်း သိရှိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇