စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ရေဘေးသင့်ပြည်သူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ထောက်ပံ့ရေးပစ္စည်းများနှင့် ဆေးဝါးများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ကောလင်းမြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇွန် ၉ရက်နေ့ နံနက် ၆နာရီ အချိန်ခန့်က ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ရာ  စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် လူမှုရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်း၊ တိုင်း/ခရိုင်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများသည် ညနေ ၃နာရီအချိန်တွင် ကောလင်းမြို့ရှိ ရပ်ကွက်များအတွင်း ရေဝင်ရောက်ခဲ့မှုကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒက္ခိဏရာမအလယ်ကျောင်းတိုက်တွင် ရေဘေးသင့်ပြည်သူများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ပစ္စည်းများနှင့် မြို့နယ်မီးသတ်ဦးစီးဌာနသို့ ရေနစ်မြုပ်သွားသော ရေတွင်း ရေကန်များ စုပ်ထုတ်ပြီး ပြန်လည်အသုံးပြုနိုင်ရေးအတွက် ရေစုပ်စက်(၂)လုံးတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။ ၎င်းနောက် မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်၍လူနာများအားတွေ့ဆုံအားပေးစကားပြောကြားပြီး ဆေးရုံးအ တွင်း ရေဝင်ရောက်ခဲ့မှုနှင့်ဆေးဝါးပစ္စည်းများ သိုလှောင်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဆေးရုံအတွက်ဆေးဝါး ပစ္စည်းများထောက်ပံ့ပေးအပ်ရာ မြို့နယ်ဆရာဝန်ကြီးမှ လက်ခံရယူခဲ့ကြောင့်သိရသည်။ ညနေ ၆နာရီအချိန်ခန့် တွင် ရပ်ကွက်များ၌ ရေများကျဆင်းသွားပြီဖြစ်ကြောင်းသိရသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇