စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ဒုတိယအကြိမ် စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ စတင်ကျင်းပ

201606141

            ​ဒု​တိ​ယ​အ​ကြိမ် ​စစ်​ကိုင်း​တိုင်း​ဒေ​သ​ကြီး​လွှတ်​တော် ​ဒု​တိ​ယ​ပုံ​မှန်​အ​စည်း​အ​ဝေး ​ပ​ထ​မ​နေ့​ကို ​ဇွန်လ(၁၃)​ရက်​နေ့ ​နံ​နက်(၁၀)​နာ​ရီ​အ​ချိန်​က ​စစ်​ကိုင်း​တိုင်း​ဒေ​သ​ကြီး ​လွှတ်​တော်ခန်း​မ​တွင် ​ကျင်း​ပ​ပြုလုပ်ခဲ့​သည်။

            ​ရှေး​ဦးစွာ ​တိုင်း​ဒေ​သ​ကြီး​လွှတ်​တော်​ဥ​က္က​ဋ္ဌ ဦး​သန်း​မှ ​ဒု​တိ​ယ​အ​ကြိမ် ​စစ်​ကိုင်း​တိုင်း​ဒေ​သ​ကြီး လွှတ်​တော် ​ဒု​တိ​ယ​ပုံ​မှန်​အ​စည်း​အ​ဝေး ​ပ​ထ​မ​နေ့​တွင် ​တက်​ရောက်​ခွင့်​ရှိ​သူ (၁၀၁)​ဦး​ရှိ​သည့်အ​နက် (၉၉)ဦး ​တက်​ရောက်​သည့်​အ​တွက် (၉၈.၀၁%)​ဖြစ်​သ​ဖြင့် ​အ​စည်း​အ​ဝေး ​အ​ထ​မြောက်​ကြောင်း​နှင့် ​စတင်​ကြောင်း ​ကြေ​ညာ​သည်။

            ​ထို့​နောက် ​တိုင်း​ဒေ​သ​ကြီး​လွှတ်​တော်​ကိုယ်​စား​လှယ်​များ ​စိ​စစ်​ရေး​ကော်​မ​တီ​က ​အစည်းအဝေးသို့ ​မ​တက်​ရောက်​နိုင်​သော ​လွှတ်​တော်​ကိုယ်​စား​လှယ်​များ​အ​တွက် ​လွှတ်​တော်​သို့ ​ခွင့်ပန်ကြား​ရာ ​လွှတ်​တော်​ကိုယ်​စား​လှယ်​အား​လုံး​က ​သ​ဘော​တူ​ကြ​သည့်​အ​တွက် ​တိုင်း​ဒေ​သ​ကြီးလွှတ်တော် ​ဥ​က္က​ဋ္ဌ​က ​အ​တည်​ပြုကြောင်း ​ကြေ​ညာ​သည်။

            ဆက်​လက်​၍ ​ကြယ်​ပွင့်​ပြမေး​ခွန်း​များ ​မေး​မြန်း​ခြင်း​က​ဏ္ဍ​တွင် ​မြင်း​မူ၊ ​တန့်​ဆည်၊ ​ကျွန်း​လှ၊ ​ဖောင်း​ပြင်၊ ​ကန့်​ဘ​လူ၊ ​အ​ရာ​တော်၊ ​က​လေး၊ ​ယင်း​မာ​ပင်၊ ​မင်း​ကင်း၊ ​ရေ​ဦး၊ ​က​နီ၊ ​က​သာ၊ ​ပင်​လည်​ဘူး၊ ​ဝက်​လက်၊ ​ချောင်း​ဦး၊ ​ဟု​မ္မ​လင်း၊ ​ဗန်း​မောက်​မြို့​နယ်​များ​မှ ​လွှတ်​တော်​ကိုယ်​စား​လှယ်​များ​က ​ဒေသဖွံ့ဖြိုးရေး​နှင့်ပတ်​သက်​သည့် ​မေး​ခွန်း(၄၂)​ခု​ကို ​မေး​မြန်း​ကြ​ရာ ​သက်​ဆိုင်​ရာ ​တိုင်း​ဒေ​သ​ကြီး​အ​ဆင့်​အ​ဖွဲ့​အ​စည်း​ဝင် ​ဝန်​ကြီး​များ​က ​အ​သီး​သီး ​ပြန်​လည်​ဖြေ​ကြား​ကြ​သည်။

            ယင်း​နောက် ​တိုင်း​ဒေ​သ​ကြီး ​လွှတ်​တော်​ဥ​က္က​ဋ္ဌ ဦး​သန်းမှ ​ဒု​တိ​ယ​အ​ကြိမ် ​စစ်​ကိုင်း​တိုင်းဒေသကြီးလွှတ်​တော် ​ဒု​တိ​ယ​ပုံ​မှန်​အ​စည်း​အ​ဝေး ​ပ​ထ​မ​နေ့​အ​ခမ်း​အ​နား​ကို ​ညနေ(၃)နာရီ (၄၀)အချိန်​တွင် ​ရပ်​နား​ခဲ့​ကြောင်း ​သိ​ရှိ​ရ​သည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇