စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

နိုင်ငံခြားသားများမှတ်ပုံတင်ရေးအက်ဥပဒေ၊ နည်းဥပဒေများနှင့်ပတ်သက်၍ သိမှတ်စရာများ ရှင်းလင်းဆွေးနွေး

201606151

            ​နိုင်​ငံ​ခြား​သား​များ ​မှတ်​ပုံ​တင်​ရေးအက်​ဥ​ပ​ဒေ၊ ​နည်း​ဥ​ပ​ဒေ​တို့​မှ ​သိ​ကောင်း​စ​ရာ​များ​အ​ကြောင်း ​ရှင်း​လင်း​ဆွေး​နွေး​ပွဲ​ကို ​ဇွန်​လ(၁၃)​ရက်​နေ့ ​နေ့​လည်(၁)​နာ​ရီ​အ​ချိန် ​မုံ​ရွာ​မြို့​၊ တော်ဝင်ကျောက်စိမ်းဟိုတယ်​တွင် ​ကျင်း​ပ​ပြု​လုပ်​ခဲ့ကြောင်း ​သိ​ရ​သည်။

            ​ရှင်း​လင်း​ပွဲအ​ခမ်း​အ​နား​တွင် ​တိုင်း​ဒေ​သ​ကြီး​အ​စိုး​ရ​အ​ဖွဲ့​ဝင် ​စည်​ပင်​သာ​ယာ​ရေး​ဝန်​ကြီး ဦးမြင့်ကြည်​မှ ​အ​ဖွင့်​အ​မှာ​စ​ကား ​ပြော​ကြား​ခဲ့​ပြီး ​တိုင်း​ဒေ​သ​ကြီး​လူ​ဝင်​မှု​ကြီး​ကြပ်​ရေး​နှင့် ​ပြည်သူ့အင်အားဆိုင်​ရာဦးစီးဌာန ​တိုင်း​ဒေ​သ​ကြီး​ဦး​စီး​မှူး ​ညွှန်​ကြား​ရေး​မှူး ​ဦးစိုး​ပိုင်​မြင့်​က ​အသေးစိတ်​ရှင်း​လင်း​ဆွေး​နွေး​ရာ​တွင် ​နိုင်​ငံ​ခြား​သား​များ​ဖြင့် ​ဆက်​စပ်​လုပ်​ကိုင်​နေ​ကြ​ရ​တဲ့ ​ဟို​တယ်၊ ​တည်း​ခို​ခန်း​တွေ၊ ​ကု​မ္ပဏီ​တွေ၊ ​ဌာ​န​ဆိုင်​ရာ​တွေအ​နေ​ဖြင့် ​နိုင်​ငံ​ခြား​သား​မှတ်​ပုံ​တင်​ရေး​ဥ​ပ​ဒေ၊ ​နည်းဥပဒေ​တွေ​ကို ​မ​သိ​တဲ့​အ​တွက် ​မ​လိုက်​နာသည်​မျိုး ​မ​ရှိ​ရ​လေ​အောင်၊ ​မ​သိ​တဲ့​အ​တွက် တရားဥပဒေအရ ​ရင်​ဆိုင်​ဖြေ​ရှင်း​ရာ​မှာ ​အား​နည်း​ချက် ​မ​ဖြစ်​ရ​လေ​အောင် ​ယ​ခု​ကဲ့​သို့ ​ရှင်း​လင်း​ဆွေး​နွေး​ပွဲ​များ ​မ​ဖြစ်​မ​နေ ​ဆောင်​ရွက်​ခြင်း​ဖြစ်ပါကြောင်း၊ ​နိုင်​ငံ​ခြား​သား ​မှတ်​ပုံ​တင်​ရေးဥ​ပ​ဒေ၊ ​နည်း​ဥ​ပ​ဒေ​တွေ​ကို ​သိ​ရှိ​နား​လည်​ထားပါ​က ​နိုင်​ငံ​ခြား​သား​များ​ဖြင့် ​ဆက်​စပ်​နေ​ကြ​ရ​သည့် ​ဟို​တယ်၊ ​တည်း​ခို​ခန်း၊ ​ကုမ္ပဏီ​တွေ​အ​တွက် ​အ​ကျိုး​ဖြစ်​ထွန်း​စေ​မည်​ဖြစ်​ကြောင်း ​ပြော​ကြား​ခဲ့​ပြီး ​ပြည်​ဝင်​ဗီ​ဇာ ​အမျိုးမျိုးအကြောင်း​ကို​လည်း ​အ​ကျယ်​တ၀င့်​ရှင်း​လင်း​ပြော​ကြား​ခဲ့​သည်။

            ​ယင်း​နောက် ​ရှင်း​လင်း​ဆွေး​နွေး​ပွဲ​သို့ ​တက်​ရောက်​လာ​ကြ​သူ​များ​မှ ​သိ​ရှိ​လို​သည်​များ​ကို ​မေး​မြန်း​ကြ​ရာ ​တာ​ဝန်​ရှိ​သူ​များ​မှ ​ပြန်​လည်​ဖြေ​ကြား​ခဲ့​ပြီး ​အ​ဆိုပါ​အ​ခမ်း​အ​နား​သို့ ​တိုင်း​ဒေ​သ​ကြီးအ​ဆင့် ​ဌာနဆိုင်​ရာ​များ၊ ​နိုင်​ငံ​ခြား​သား​များ​နှင့် ​ဆက်​စပ်​လုပ်​ကိုင်​နေ​သော ​အ​စိုး​ရ​ဌာ​န​များ၊ ​ကု​မ္ပဏီ​များ​နှင့် ​မုံရွာမြို့​ပေါ်​ရှိ ​ဟို​တယ်၊ ​တည်း​ခို​ခန်း​များ၊ ​မုံ​ရွာ၊ ​ရွှေ​ဘို၊ ​စစ်​ကိုင်း၊ ​ယင်း​မာ​ပင်၊ ​ကန့်​ဘ​လူ​ခ​ရိုင်​အ​တွင်း​မှ ​လူ​ဝင်​မှု ​ကြီး​ကြပ်​ရေး​နှင့် ​ပြည်​သူ့​အင်​အား​ဆိုင်​ရာဦးစီးဌာန ​ခ​ရိုင်​ဦး​စီး​မှူး၊ ​မြို့​နယ်​ဦး​စီး​မှူး​များ၊ ​လေ့လာ​သူ​များ ​တက်​ရောက် ​ခဲ့​ကြ​ကြောင်း ​သိ​ရှိ​ရ​ပါသည်။

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇