စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး လက်ရွေးစင်အမျိုးသမီး ဘောလုံးအသင်းနှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်လက်ရွေးစင် အမျိုးသမီးဘောလုံး (ခ)အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ အခမ်းအနားကျင်းပ

မြန်မာအိန္ဒိယ နှစ်နိုင်ငံယဉ်ကျေးမှု ပူးပေါင်းဖလှယ်ရေးအစီအစဉ်အရ စစ်ကိုင်းတိုင်းဒေသကြီး လက်ရွေးစင် အမျိုးသမီးဘောလုံးအသင်းနှင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ် လက်ရွေးစင် အမျိုးသမီးဘောလုံး (ခ)အသင်းတို့၏ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၃-၂-၂၀၁၉)ရက်နေ့ ညနေ (၁၅၀၀)နာရီ အချိန်တွင် မုံရွာမြို့ တိုင်းဒေသကြီး ပြည်သူ့အားကစားကွင်း၌ ကျင်းပြုလုပ်ခဲ့ရာ ပထမဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်က နှုတ်ခွန်းဆက်အမှာစကား ပြောကြားခြင်း၊ မဏိပူရ်ပြည်နယ် ဥပဒေပြု လွှတ်တော်ဥက္ကဌ Mr.Shri Y.Khemchand Singh က အမှာစကား ပြောကြားခြင်း၊ ၄င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံကောင်စစ်ဝန်ချုပ် Mr.Nandan Singh Bhaisora ၊ မဏိပူရ်ပြည်နယ် လွှတ်တော်ဥက္ကဌ Mr. Shri Y.Khemchand Singh စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ ဦးသန်းတို့မှ ဦးဆောင်၍ နှစ်နိုင်ငံအားကစားသမားများအား လိုက်လံနှုတ်ဆက်ခြင်းတို့ ဆောင်ရွက်ခဲ့ကြပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် မြန်မာနိုင်ငံဘက်မှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၀န်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း​ဒေသကြီးဥပဒေချုပ်၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်နှင့် လွှတ်တော်ဒုဥက္ကဌ တို့နှင့်အတူ အိန္ဒိယနိုင်ငံဘက်မှ မဏိပူရ်ပြည်နယ် ဥပဒေပြု လွှတ်တော်ဥက္ကဌ Mr.Shri Y.Khemchand Singh ၊ မန္တလေးမြို့ အခြေစိုက် အိန္ဒိယကောင်စစ်၀န်ချုပ် Mr.Nandan Singh Bhaisora နှင့် မဏိပူရ်အစိုးရ အရှေ့မျှော်ဝါဒ၏ အရာရှိချုပ်တို့ အသီးသီး တက်ရောက်ခဲ့ကြပါသည်။

ဆက်လက်၍ ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘောလုံး လက်ရွေးစင်အသင်းက အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အမျိုးသမီး ဘောလုံးလက်ရွေးစင် (ခ)အသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီးမှ ပထမရရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးဘောလုံး လက်ရွေးစင်အသင်းကို Winner Prize တံခွန်စိုက်ဖလားကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၏ဇနီးမှ ဒုတိယရရှိသည့် အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် အမျိုးသမီးဘောလုံး လက်ရွေးစင်အသင်းကို Runner Prize တံခွန်စိုက်ဖလား တို့ကိုလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်။

3-2-2019 0013-2-2019 0023-2-2019 0033-2-2019 0043-2-2019 0053-2-2019 0063-2-2019 0073-2-2019 0083-2-2019 0093-2-2019 0103-2-2019 0113-2-2019 0123-2-2019 0133-2-2019 0143-2-2019 0153-2-2019 0163-2-2019 0173-2-2019 0183-2-2019 019

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon