(၅-၂-၂၀၁၉)ရက်နေ့ (၁၄၀၀)နာရီ အချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီး ခရီးသွားလုပ်ငန်းမြှင့်တင်ရေး Manjushak ဂျပန်ရိုးရာ ယဉ်ကျေးမှုပြပွဲအား (၂၄-၂-၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းမြို့၌လည်းကောင်း၊ (၂၅-၂-၂၀၁၉)ရက်နေ့တွင် မုံရွာမြို့၌ ဖျော်ဖြေကျင်းပ နိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်၍ တိုင်းဒေသကြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီဝင်များဖြင့် ညှိနှိုင်းဆွေးခဲ့ကြောင်း သိရှိရပါသည်။