စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးတက်စေရန် Invest Myanmar Summit 2019 အား နေပြည်တော်၌ ကျင်းပ

(၂၈-၁-၂၀၁၉)ရက်နေ့နှင့် (၂၉-၁-၂၀၁၉)ရက်နေ့များတွင် Invest Myanmar Summit 2019အား နေပြည်တော် MICC-2၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဦးဆောင်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဦးနှင့်အဖွဲ့မှ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံနိုင်သည့် စီမံကိန်းလုပ်ငန်းများကို ပြသခဲ့ကြောင်း၊ အဆိုပါ အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ တိုင်းဒေသကြီးအတွင်း လာရောက် ရင်းနှီးမြှုပ်နှံနိုင်မည့် အခြေအနေများအား ဖိတ်ခေါ်ခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည့် မေးခွန်းများ မေးမြန်းခြင်းကို ပြန်လည် ဖြေကြားခဲ့ကြောင်း၊ မြန်မာနိုင်ငံ ဂရိတ်ဝေါ ဖူးစတတ် အင်ဒတ်စတီရယ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် အခြေစိုက် ဟောင်ကောင် အင်တာနေရှင်နယ် ရှူးဂါး အင်ဂျင်နီးယားရင်း ကုမ္ပဏီတို့မှ ကသာမြို့ရှိ သကြားထုတ်လုပ်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ သန်း(၁၂၀)၊ လျှပ်စစ်ထုတ်လုပ်ရေး ကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း(၈၀) စုစုပေါင်း အမေရိကန်ဒေါ်လာ သန်း(၂၀၀)အား နှစ်ဦးသဘောတူ စာချုပ်ချုပ်ဆိုခဲ့ကြောင်း သိရှိရပါသည်။

 

6-2-2019 0036-2-2019 0046-2-2019 0056-2-2019 0066-2-2019 0076-2-2019 0086-2-2019 0096-2-2019 0106-2-2019 0126-2-2019 0116-2-2019 013

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon