စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကျင်းပ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် စေတနာ့ဝန်ထမ်း အဖွဲ့အစည်းများအား ထောက်ပံ့ငွေ ပေးအပ်ခြင်း အခမ်းအနားကို    (၁၇-၂-၂၀၁၉) ရက်နေ့ နေ့လည် (၁၁၀၀) နာရီအချိန် မုံရွာမြို့ ၊ မြသလ္လာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများ၊ တိုင်းဒေသကြီး စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားရှိသော မသန်စွမ်းသူများ၊ မိခင်ဝိုင်းများနှင့် ကလေးသူငယ်များ၊ မူလတန်းကြို ကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် ဆရာ ဆရာမများ အသီးသီး တက်ရောက်ခဲ့ကြပြီး လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ၀င်းမြတ်အေးက အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကား ပြောကြားပြီးနောက် မိခင်ဝိုင်းများ ဖွင့်လှစ် နိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၃၅)သိန်း၊ ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း (၈၈)ကျောင်း၏ တာ၀န်ခံ ဆရာ၊ဆရာမ များအတွက် ထောက်ပံ့ငွေနှင့် သင်ထောက်ကူ ပစ္စည်းများအတွက် ထောက်ပံ့ငွေကျပ် (၅၉၆)သိန်း၊ လူငယ်ဖွံ့ဖြိုးရေး ပရဟိတဂေဟာနှင့် ဘိုးဘွားရိပ်သာ(၂၀)ခု အတွက် စားစရိတ်၊ ဝတ်စရိတ်နှင့် ဂေဟာမှူး လစာထောက်ပံ့ခြင်းများအတွက် ငွေကျပ် (၁၁၉၃)သိန်း၊ မသန်စွမ်းသူများအား ထောက်ပံ့ငွေကျပ် (၃၅၀၇)သိန်း၊ စုစုပေါင်း ထောက်ပံ့ငွေကျပ် (၅၃၃၁)သိန်းအား အသီးသီး​ ထောက်ပံ့ပေးအပ်ခဲ့ပြီး မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရှိရပါသည်။

17-2-2019 00517-2-2019 00617-2-2019 00717-2-2019 00817-2-2019 00917-2-2019 01117-2-2019 01217-2-2019 01317-2-2019 01417-2-2019 01517-2-2019 01517-2-2019 01617-2-2019 01717-2-2019 02017-2-2019 02217-2-2019 02317-2-2019 02417-2-2019 02517-2-2019 026

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon