စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် မော်လိုက်မြို့ ဒေသခံပြည်သူများ တွေ့ဆုံ

စစ်ကိုင်တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ် များနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် မော်လိုက်မြို့ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့က မော်လိုက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တွေ့ဆုံခဲ့သည်။

တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် “ တိုင်းဒေသကြီး ဖွံ့ဖြိုးတိုးတက် စေရေးအတွက်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ ဥပဒေပြုရေးမဏ္ဍိုင်၊ တရားစီရင်ရေးမဏ္ဍိုင် တို့နှင့်အတူ တက်ညီလက်ညီ အပြန်အလှန်ထိန်းကျောင်းလျက် ပူးပေါင်း ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်သူများ အနေဖြင့်လည်း မိမိတို့အစိုးရအဖွဲ့၏ လုပ်ဆောင်ချက်များအပေါ် ပူးပေါင်းဆောင်ရွက် ပေးစေလိုကြောင်း၊ စုပေါင်းအင်အားဖြင့် ဆောင်ရွက်မှသာ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ပြည်သူများ၏ လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်း ဆောင်ရွက် ပေးလျက်ရှိကြောင်း၊ မုံရွာ- ယာကြီး- ကလေးဝ ကားလမ်းကိုလည်း ၂၀၂၀ ခုနှစ်တွင် လမ်းလုပ်ငန်းအားလုံး ပြီးစီးရေး ဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆိုပါ လမ်းပြီးစီး သွားပါက ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရှိ မြို့များ ဖွံ့ဖြိုးတိုးတက်သွားမှာ ဖြစ်ပါကြောင်းနှင့် တမူးမှ တစ်ဆင့် အိန္ဒိယနိုင်ငံသို့ပါ အချိန်မရွေး သွားလာနိုင်မှာ ဖြစ်ကြောင်း၊ ယခုဆိုရင် ကလေးဝမြို့ကို နိုင်ငံတော်ဓာတ်အားစနစ်မှ တတိယမြောက် ဓာတ်အားရရှိသည့် မြို့နယ်အဖြစ် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ဖြစ်ကြောင်း၊ မော်လိုက်မြို့ကိုလည်း နိုင်ငံတော် ဓာတ်အားစနစ်မှ ဓာတ်အားရရှိရေး တည်ဆောက်လျက်ရှိရာ (၂၀၁၉ ခုနှစ် ဒီဇင်ဘာလတွင် ဖွင့်လှစ်နိုင်ရေး တွန်းအားပေး ဆောင်ရွက်လျက် ရှိကြောင်းနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်ရေးနှင့် လျှပ်စစ်မီး ရရှိရေးဟာ အဓိကကျပါကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပြည်သူလူထုအပေါ်တွင် အရောင်အသွေး၊ ကိုးကွယ်ရာ ဘာသာမခွဲခြားဘဲ အားလုံးတန်းတူ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး မိမိတို့အစိုးရကိုလည်း အကြံဉာဏ်များ ပေးစေလိုကြောင်းနှင့် ဒေသခံပြည်သူများကလည်း အားလုံးပူးပေါင်း ဆောင်ရွက် ပေးကြစေလိုကြောင်း ” ဖြင့် တိုက်တွန်း ပြောကြားခဲ့ပါသည်။

ဆက်လက်၍ မော်လိုက်မြို့ မြို့မိမြိုဖများနှင့် ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် လိုအပ်ချက်များကို တင်ပြကြရာ သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ပြီးနောက် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သိရပါသည်။

ထို့နောက် မော်လိုက်မြို့တွင် ၁၉၂၄ ခုနှစ်က ဆောက်လုပ်ခဲ့သော အထက ကျောင်းသို့ ရောက်ရှိ လှည့်လည်ကြည့်ရှု့ စစ်ဆေးပြီး   အဆိုပါကျောင်းဆောင်အား ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပါက ရှေး/သုနှင့် ပူးပေါင်း၍ ရှေးမူမပျက် ထိန်းသိမ်း စောင့်ရှောက်ကြရန် လမ်းညွှန် မှာကြားပြီး မော်လိုက်- ကလေးဝ- ကလေး ကားလမ်းတစ်လျှောက်ရှိ ဒေသဖွံ့ဖြိုးတိုးတက်မှု အခြေအနေအား ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရပါသည်။

ယင်းနောက် ညပိုင်းတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကလေးမြို့ တောင်ဖီလာရပ်ကွက်၊ အထက-၂ ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သော (၇၁)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ အမှာစကား ပြောကြားခဲ့ပြီး ရိုးရာယဉ်ကျေးမှု ပြခန်းများနှင့် ဌာနဆိုင်ရာ အသိပညာပေးပြခန်းတို့ကို လှည့်လည်ကြည့်ရှု့ အားပေးခဲ့ပြီး ချင်းရိုးရာအကအလှ တင်ဆက်မှုတို့အား ကြည့်ရှု့အားပေးပြီး ဂုဏ်ပြုဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရှိရပါသည်။

3-3-2019 0013-3-2019 0023-3-2019 0033-3-2019 0043-3-2019 0053-3-2019 0063-3-2019 0073-3-2019 008

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon