စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကသာခရိုင်အတွင်းရှိ အင်းတော်မြို့နယ်နှင့် ဝန်းသိုမြို့နယ်တို့၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ကသာခရိုင် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးများ လိုက်ပါပြီး မတ် ၁၀ ရက် နံနက်ပိုင်းက ကသာခရိုင် အင်းတော်မြို့နယ်နှင့် ဝန်းသိုမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှု့ စစ်ဆေးခဲ့ကြောင်း သိရပါသည်။

တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယနေ့ နံနက်(၇)နာရီက အင်းတော်မြို့ အင်းမြသာယာ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်မည့် အတိမဟန္တဒုန္ဒုဘ စည်တော်ကြီး ပင့်ဆောင်ခြင်း အထိမ်းအမှတ် သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ အထူးဓမ္မသဘင် ကျင်းပပြုလုပ်ရန် ကြိုတင်ပြင်ဆင်မှုများအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်ပြီး အင်းတော်မြို့မှ ဝန်းသိုမြို့သို့ ရောက်ရှိပြီး ဝန်းသိုမြို့နယ် အတွင်းရှိ စူဠာမုနိ ကျောက်လှုပ်လဲ့ စေတီတော်သို့ သွားရောက်ဖူးမျှော် ကြည်ညိုခဲ့ပြီး ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။ အဆိုပါ စေတီတော်သို့ သွားသည့် (၇)မိုင် တောင်တက် ရာသီလမ်းအား အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန် ဆောင်ရွက်ရေးနှင့် ပြည်တွင်းပြည်ပ ခရီးသွားများ လာရောက်လည်ပတ် သွားလာသည့် နေရာဖြစ်ရေး၊ တိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေး အဖွဲ့(၁)နှင့် တံတားအထူးအဖွဲ့ (၂)တို့ တာဝန်ယူ တည်ဆောက်နေသော ဆင်ကုန်း-ဝန်းသို-ပင်လည်ဘူး လမ်းပေါ်ရှိ မောင်းကော်တံတားအရှည် (၁၃၅)ပေ တည်ဆောက်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး စံချိန်းစံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ အင်းတော်မြို့နယ်ဆေးရုံ အာရ်စီသုံးထပ်ဆောင်အသစ် ဆောက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ထို့နောက် ညပိုင်းတွင် အင်းတော်မြို့ အင်းမြသာယာ ပြည်သူ့အားကစားကွင်းတွင် ကျင်းပပြုလုပ်သည့် အတိမဟန္တဒုန္ဒုဘ စည်တော်ကြီး ပင့်ဆောင်ခြင်း အထိမ်းအမှတ် သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရ အထူးဓမ္မသဘင်ပွဲသို့ တက်ရောက်ပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး “နိဗ္ဗာန်ရောက်ကြောင်း တရားတော်” နာယူကြည်ညိုခဲ့ကြောင်း သိရှိရပါသည်။

10-3-2019 00110-3-2019 00210-3-2019 00310-3-2019 00510-3-2019 00410-3-2019 00610-3-2019 00710-3-2019 00810-3-2019 009

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon