စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စည်ပင်သာယာရေးဝန်ကြီးနှင့် လူထုတွေ့ဆုံပွဲကျင်းပ

၃-၄-၂၀၁၉ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်သည် ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၊ တိုင်းဒေသကြီး အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ထက်နှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ပေါင်းစပ်ကာ ပုလဲမြို့နယ်၊ စစ်ရင်ရွာ၊ ခရုရွာ၊ ရှားတောရွာ၊ မိုးကောင်းရွာ မိဘပြည်သူများနှင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် တွေ့ဆုံ ဆွေးနွေးခဲ့ပါသည်။

ထို့နောက် ၄-၄-၂၀၁၉ ရက်နေ့ နံနက်(၀၉၀၀)နာရီ အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမြင့်ကြည်သည် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တိုင်းဒေသကြီး အမှုဆောင်အရာရှိ ဦးသစ်ထူးမြင့်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရေဦးမြို့နယ် စည်ပင်သာယာရေး ကော်မတီများ၊ မြို့မိမြို့ဖများ၊ ပြည်သူလူထုတို့နှင့် ရေဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စည်ပင်သာယာရေး လုပ်ငန်းများနှင့် ပတ်သက်၍ တွေ့ဆုံပွဲ ပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။

4-4-2019 0014-4-2019 0024-4-2019 0034-4-2019 0044-4-2019 0054-4-2019 0064-4-2019 0084-4-2019 0094-4-2019 0104-4-2019 0114-4-2019 012

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon