စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် စစ်ကိုင်းခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် စစ်ကိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီဥက္ကဌ လိုက်ပါလျက် စစ်ကိုင်းတောင် ဆွမ်းဦးပုညရှင်ဘုရားအား သွားရောက်ဖူးမြော်ခဲ့ပြီး ဆွမ်းဦးပုညရှင် ဘုရားရင်ပြင်တွင် မှန်သားရင်ပြင် ပြုလုပ်နိုင်ရေး တရုတ်ပညာရှင်များနှင့်အတူ ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။ အဆိုပါ မှန်သားရင်ပြင် ပြုလုပ်ရာတွင် တောင်နံရံ အောက်ခြေတွင် သာသနိက အဆောက်အအုံများ လွတ်ကင်းမှုရှိရန် လိုကြောင်း အန္တရာယ်မဖြစ်ရန် အထူးလိုအပ်ကြောင်း ဆရာတော်များထံ လျှောက်ထား သွားရမည်ဖြစ်ကြောင်း စစ်ကိုင်းတောင်သို့ ပြည်တွင်းပြည်ပခရီးသွား ပိုမိုဝင်ရောက်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း ဒေသအစားအစာများ ရောင်းချရာတွင် သန့်ရှင်းသပ်ရပ်စွာ ရောင်းချပြီး ခရီးသွားများကို ဆွဲဆောင်ရမည် ဖြစ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့ပါသည်။

ဆက်လက်ပြီး စစ်ကိုင်းမြို့နယ် ရေမြစ်ကြီးအင်းသို့ သွားရောက်ကာ အင်းသာယာလှပရေး ခရီးသွားများ လာရောက် အပန်းဖြေနိုင်ရေးအတွက် ဆောင်ရွက်မည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ပါသည်။

နေ့လည်ပိုင်းတွင် မုံရွာမြို့ ကြက်မွေးမြူရေးဇုံ မီးလောင်ရာသို့ သွားရောက်ကာ မီးလောင်မှုကြောင့် ဆုံးရှုံးမှုအခြေအနေများ မီးလောင်ရသည့် အကြောင်းရင်းများ စီစစ်ဆောင်ရွက်ရန်နှင့် ထပ်မံမီးမလောင်စေရေး ဇုံအတွင်း ခြံအလိုက် သန့်ရှင်းရေး လုပ်စေရေး တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရပါသည်။

8-5-2019 0018-5-2019 0028-5-2019 0038-5-2019 0048-5-2019 0058-5-2019 0068-5-2019 0078-5-2019 008

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon