စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ရွှေဘိုခရိုင်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် ရွှေဘိုခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများလိုက်ပါပြီး မေ ၁၁ ရက် နံနက်(၉)နာရီက ခင်ဦးမြို့နယ် အညာသီဟတောဘုရားသို့ ရောက်ရှိဖူးမြော်ကြည်ညိုကာ ဘုရားရင်ပြင်တော် မြေနိမ့်ကျမှုအား ပြုပြင်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်ပြီး ခင်ဦး-သင်ပေါင်းလမ်း ကတ္တရာခင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး စံချိန်းစံညွှန်း ပြည့်မီစွာဖြင့် အချိန်မီပြီးစီးရေး ဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ရွှေဘို-မြစ်ကြီးနားလမ်းဘေးရှိ ရွှေဘို ၂၃၀ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ရောက်ရှိပြီး လုပ်ငန်းခွင်အတွင်း ကြည့်ရှုစစ်ဆေးကာ ၂၀၁၉-ခုနှစ်အတွင်းပြီးစီးရေး လမ်းညွှန်မှာကြားခဲ့သည်။

11-5-2019 00111-5-2019 00211-5-2019 00311-5-2019 00411-5-2019 00511-5-2019 00611-5-2019 007

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon