စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ရွှေဘိုမြို့၌ အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် စစ်ကိုင်းတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီး ဒေါ်မွှေးမွှေးခင်နှင့် ရွှေဘိုခရိုင်/ မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါပြီး မေ ၁၂ ရက်၊ နံနက်(၉)နာရီက ရွှေဘိုမြို့ TWS ကိုယ်ပိုင် အထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်သော အပြည်ပြည်ဆိုင်ရာ သားဖွားဆရာမများနေ့နှင့် သူနာပြုများနေ့ အခမ်းအနားသို့ တက်ရောက် အမှာစကား ပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ဝန်ကြီးချုပ်က “သူနာပြုသားဖွားများ အနေဖြင့် သူနာပြုသားဖွား ကျင့်ဝတ်သိက္ခာကို အသက်တမျှ မြတ်နိုးတန်ဘိုးထားပြီး၊ ထိန်းသိမ်းလိုက်နာ ကျင့်သုံးသွားကြရန်၊ သူတစ်ထမ်း ကိုယ်တစ်ရွက် ညီညီညွတ်ညွတ်နှင့် နေထိုင်ရန်၊ လုပ်ငန်းများ ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန်၊ တာဝန်ယူ တာဝန်ခံမှုဖြင့် တာဝန်ကျေကျေ အလုပ်လုပ် သွားကြရန်၊ သူနာပြုစုမှု အတတ်ပညာများ လေ့လာ၊ ဆည်းပူး၊ လေ့ကျင့်မှု စဉ်ဆက်မပြတ် ပြုလုပ်သွားကြရန်နှင့် ပြည်သူများ ကျန်းမာကြံ့ခိုင်စွာ သက်တမ်းစေ့ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်သွားစေရေး စံနမူနာပြု အသိပညာ ပေးသူတွေဖြစ်အောင် ကြိုးပမ်းသွားကြပါလို့ တိုက်တွန်းအမှာစကား ပြောကြားခဲ့ပါသည်။ အခမ်းအနားအပြီးတွင် ရွှေဘိုခရိုင် သူနာပြုနှင့် သားဖွားအသင်း၏ လှုပ်ရှားမှု ဓာတ်ပုံမှတ်တမ်း ပြခန်းအား ကြည့်ရှု အားပေးခဲ့ပါသည်။

ထို့နောက် ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာ၌ ရှေ့ပြေးအဆင့်မြင့် လယ်ယာမြေ (၅၇၅)ဧက ဖော်ဆောင်ခြင်း စီမံကိန်းသို့ ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး လိပ်ချင်းကျေးရွာရှိ ရွှေဘို-ရေဦးလမ်း ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှု စစ်ဆေးခဲ့ပါသည်။ ယင်းနောက် ရွှေဘိုမြို့ ပရဟိတ အမျိုးသမီးစောင့်ရှောက်ရေးနှင့် အသက်မွေးဝမ်းပညာ သင်တန်းကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

12-5-2019 00112-5-2019 00212-5-2019 00312-5-2019 00412-5-2019 00612-5-2019 00712-5-2019 00812-5-2019 00912-5-2019 01012-5-2019 01112-5-2019 01212-5-2019 01312-5-2019 01412-5-2019 01512-5-2019 01612-5-2019 01712-5-2019 018

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon