စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်အတွင်း လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် ကျေးရွာများသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ကွင်းဆင်းကြည့်ရှု့ စစ်ဆေး

(၁၃.၅.၂၀၁၉)ရက်နေ့ ညနေပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ် အတွင်းရှိ ကျေးရွာများတွင် လေပြင်းတိုက်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သဖြင့် အဆိုပါ ကျေးရွာများအနက် ဝရာရွာ၊ ရသယာရွာ၊ ပလ္လင်ရွာတို့သို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ပျက်စီးမှု အခြေအနေများကို သွားရောက်ကြည့်ရှု့ စစ်ဆေးခဲ့ပြီး အားပေးစကား ပြောကြားခဲ့ပါသည်။

ကနီမြို့နယ်အတွင်း အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ကျေးရွာအုပ်စု ၁၄အုပ်စုရှိ လူနေ အိမ် (၇၈၀)လုံးခန့် ထိခိုက်ပျက်စီးခဲ့ပြီး ၎င်းထိခိုက်ပျက်စီးမှုများအတွက် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဉီးစီးဌာနမှ ထောက်ပံ့သည့် ထောက်ပံ့ပစ္စည်းများနှင့် ငွေကျပ်သိန်း (၃၀၀)ကျော်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် အဖွဲ့မှ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

14-5-2019 00114-5-2019 00214-5-2019 00314-5-2019 00414-5-2019 005

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon