စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး e-Government အကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို (၅-၆-၂၀၁၉)ရက်နေ့ (၁၃၀၀)နာရီအချိန် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ကျင်းပပြုလုပ်ခဲ့ရာအဆိုပါအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်၊ စာရင်းစစ်ချုပ်၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများနှင့် ခရိုင်/မြို့နယ်စီမံခန့်ခွဲမှု ကော်မတီများ၊ တိုင်းဒေသကြီးကွန်ပျူတာပညာရှင်များ အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်များ အသင်း၊ စုစုပေါင်း(၉၈)ဉီး တက်ရောက်ခဲ့ပါသည်။

ပထမဉီးစွာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားပြီး စစ်ကိုင်းတိုင်းဒေသကြီး e-Government အကောင်အထည်ဖော်ရေး ဦးစီးကော်မတီ အတွင်းရေးမှူး (စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး)နှင့် စစ်ကိုင်းတိုင်းဒေသကြီး ကွန်ပျူတာပညာရှင်များအသင်း ဥက္ကဋ္ဌတို့မှ e-Government လုပ်ငန်းများ အကောင်အထည် ဖော်နိုင်ရေးနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများမှ ပြန်လည်ဆွေးနွေး အကြံပြုခဲ့ကြပြီး အဆိုပါ အစည်းအဝေးကို (၁၅:၃၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

5-6-2019 0185-6-2019 0195-6-2019 0205-6-2019 0215-6-2019 0225-6-2019 0235-6-2019 0245-6-2019 0255-6-2019 0265-6-2019 0275-6-2019 0285-6-2019 029

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon