စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

၂၀၁၉ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အခမ်းအနား ကျင်းပ

၂၀၁၉ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ (World Environment Day) အထိမ်းအမှတ် အခမ်းအနားကို (၅-၆-၂၀၁၉) (ဗုဒ္ဓဟူး)နေ့ နံနက်(၀၉၀၀) နာရီအချိန်တွင် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား/သူများ၊ စက်ရုံအလုပ်ရုံ လုပ်ငန်းရှင်များ၊ အလှူရှင်များ တက်ရောက်ခဲ့ပြီး စုစုပေါင်းအင်အား (၅၀၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် Mr.Antonio Guterres မှ ပေးပို့သည့် ၂၀၁၉ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ သဝဏ်လွှာအား ချင်းတိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးက ဖတ်ကြားခဲ့ပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၁၉ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိခဲ့သော ကျောင်းသား/သူများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများကို တိုးမြှင့်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော လုပ်ငန်းရှင်များ/ စက်ရုံ/ အလုပ်ရုံများ/ ကျောင်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီး ပေးအပ်ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးကာ နံနက်(၁၀၄၀)နာရီအချိန်တွင် အခမ်းအနား ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။

5-6-2019 0305-6-2019 0315-6-2019 0325-6-2019 0335-6-2019 0345-6-2019 0355-6-2019 0365-6-2019 0375-6-2019 0385-6-2019 0395-6-2019 0405-6-2019 041

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon