စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၁၈ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစား ပြိုင်ပွဲများသို့ စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားအသင်းများမှ ကဏ္ဍအလိုက် ရရှိခဲ့ကြသော အားကစားသမားများအား အကောင်းဆုံးဆုရ အားကစားသမားများနှင့် အောင်မြင်မှုရအောင် စွမ်းဆောင်ပေးခဲ့ကြသော အုပ်ချုပ်သူနည်းပြများ၊ အဖွဲ့ခေါင်းဆောင်များအား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို (၁၁.၆.၂၀၁၉)ရက်နေ့ မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ စစ်ကိုင်းတိုင်းဒေသကြီး တရားသူကြီးချုပ် ဉီးဝင်းမြင့်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၏ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဝန်ကြီး၊ ချင်းတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တိုင်းဒေသကြီး ဉပဒေချုပ် ဉီးခင်မောင်လှနှင့်ဇနီး၊ အမျိုးသားလွှတ်တော် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီးအားကစား ကော်မတီဝင်များ ထူးချွန်အားကစားသမားများနှင့် သက်ဆိုင်ရာ အားကစားနည်းပြများ တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ဉက္ကဌမှ ဂုဏ်ပြုနုတ်ဆက်စကား ပြောကြားခဲ့ကြောင်း၊ ၄င်းနောက် ထူးချွန် အားကစားသမားများအား ဆုများအသီးသီး ချီးမြှင့်ကာ အားကစားနည်းပြတစ်ဉီးမှ ကျေးဇူးတင် စကားပြောကြား၍ ဆုရအားကစားသမားများမှ ဆုရရှိခဲ့ကြသည့် အားကစားအလိုက် ကရာတေးဒို၊ အေရိုးဗစ်သရုပ်ပြပွဲနှင့် Myanmar Fitness Dance အကများဖြင့် သရုပ်ပြ ဖျော်ဖြေခဲ့ကြကြောင်း သိရှိရပါသည်။

11-6-2019 00111-6-2019 00211-6-2019 00311-6-2019 00411-6-2019 00511-6-2019 00611-6-2019 00711-6-2019 00811-6-2019 00911-6-2019 01011-6-2019 01111-6-2019 01211-6-2019 01311-6-2019 01411-6-2019 015

 

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon