ပုလဲမြို့နယ်၊ သပြေရေကျေးရွာ အလက(ခွဲ) ကျောင်းဆောင်သစ် လွှဲပြောင်းပေးအပ်ပွဲသို့ စည်ပင်သာယာရေးဝန်ကြီး တက်ရောက်

(၁.၇.၂၀၁၉) ရက်နေ့ (၀၉၀၀)အချိန်၌ ပုလဲမြို့နယ်၊ စစ်ရင်အုပ်စု၊ သပြေရေကျေးရွာ အခြေခံပညာ အလယ်တန်း ကျောင်းခွဲတွင် ကျင်းပပြုလုပ်သော သံစဉ်နေလ ကျောင်းဆောင်သစ် အလျား၈၀ပေ အနံ၃၀ပေ တစ်ထပ်ကျောင်းဆောင် လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေး ဝန်ကြီးဦးမြင့်ကြည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာ၀န်ရှိသူများ၊ အလှူရှင် မိသားစုများ တက်ရောက်ခဲ့ပြီး စည်ပင်သာယာရေး ဝန်ကြီးမှ ဒေသခံ ပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်ခဲ့ပါသည်။

1-7-2019 sgg 0011-7-2019 sgg 0021-7-2019 sgg 0031-7-2019 sgg 0041-7-2019 sgg 0051-7-2019 sgg 006