စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် မြန်မာအမျိုးသမီးများနေ့ အခမ်းအနားသို့ တက်ရောက်

မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနားနှင့် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ ဂုဏ်ပြု အလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို (၃.၇.၂၀၁၉)ရက်နေ့ နံနက် (၀၉၀၀)နာရီအချိန် မုံရွာမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့်ဇနီး၊ တိုင်းဒေသကြီး ဉပဒေချုပ်၏ဇနီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တိုင်းဒေသကြီး အမျိုးသမီးရေးရာ ကော်မတီ ဉက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီးမှ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ရှင်းလင်း တင်ပြခဲ့ပါကြောင်းနှင့် အမှတ်တရ မှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ပြီး ပထမပိုင်း အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသမီးကော်မတီ အတွင်းရေးမှူးမှ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျန်းမာရေးဉီးစီးဌာနမှ အမျိုးသမီးများနှင့် ကျန်းမာရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မုံရွာတက္ကသိုလ်မှ အမျိုးသမီးများ နှင့်ပညာရေးဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု ဉီးစီးဌာနမှ အမျိုးသမီးများနှင့် အရေးပေါ်အခြေအနေဆိုင်ရာ ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

3-7-2019 sgg 0013-7-2019 sgg 0023-7-2019 sgg 0033-7-2019 sgg 0043-7-2019 sgg 0053-7-2019 sgg 0063-7-2019 sgg 0073-7-2019 sgg 0083-7-2019 sgg 009

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon