စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ရွှေဘိုမြို့နယ်၊ ရေတော်မူကျေးရွာနှင့် ကွန်ဆိပ်ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများ လိုက်ပါလျက် (၄-၇-၂၀၁၉)ရက်နေ့ (၀၉း၀၀)အချိန်တွင် ရွှေဘိုမြို့နယ်၊ ရေတော်မူကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း (၁၃း၀၀)အချိန်တွင် ကွန်ဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း ကျင်းပပြုလုပ်သည့် ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျေးရွာဆရာတော်ဘုရားထံ သွားရောက်ဖူးမြော်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲများတွင် တိုင်းဒေသကြီး ဝန်ကြီးများက မိမိတို့တာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ဒေသခံပြည်သူများက ဒေသ၏ လိုအပ်ချက်များဖြစ်သော အခြေခံပညာကျောင်းဆောင် ဆောက်လုပ်ရာတွင် ပံ့ပိုးကူညီပေးရေး၊ ကျေးရွာချင်းဆက်လမ်းတံတား တည်ဆောက်ရေး၊ လျှပ်စစ်မီးလင်းရေး၊ စိုက်ပျိုးရေရရှိရေး စသည့် ဒေသဖွံံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြကြရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။

ထို့နောက် ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အဆိုပါကျေးရွာများအတွက် အားကစားပစ္စည်းများ၊ ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် အခြေခံပညာကျောင်းဆောင် ဆောက်လုပ်ရန်အတွက် ရေတော်မူ အလက(ခွဲ)ကျောင်းဆောင်နှင့် ကွန်ဆိပ် အလက(ခွဲ) ကျောင်းဆောင်သစ်များ ဆောက်လုပ်ရန် ကျောင်းဆောင် တစ်ဆောင်လျှင် သိန်း(၅၀)နှုန်းဖြင့် သိန်း(၁၀၀)နှင့် ဘိလပ်မြေအိတ်များ ထောက်ပံ့ပေးအပ်ခဲ့ပါသည်။

4-7-2019 sgg 0014-7-2019 sgg 0024-7-2019 sgg 0034-7-2019 sgg 0044-7-2019 sgg 0054-7-2019 sgg 0064-7-2019 sgg 0074-7-2019 sgg 0084-7-2019 sgg 0094-7-2019 sgg 010

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon