စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် ရွှေဘိုမြို့နယ်၊ ဘိုးတော်တောကျေးရွာနှင့် ကော့ကျေးရွာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်သည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် (၅-၇-၂၀၁၉)ရက်နေ့ (၀၉း၀၀)အချိန်တွင် ရွှေဘိုမြို့နယ်၊ ဘိုးတော်တောကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း (၁၃း၀၀) အချိန်တွင် ကော့ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ လည်းကောင်း ကျင်းပပြုလုပ်သည့် ပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ကျေးရွာဆရာတော်ဘုရားထံ သွားရောက် ဖူးမြော်ခဲ့ပါသည်။ အဆိုပါတွေ့ဆုံပွဲများတွင် တိုင်းဒေသကြီး ဝန်ကြီးများက မိမိတာဝန်ယူ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပါသည်။ ဆက်လက်၍ ဒေသခံပြည်သူများက ဒေသ၏ လိုအပ်ချက်များဖြစ်သော ကျေးရွာချင်းဆက် လမ်းတံတား တည်ဆောက်ပေးရေး၊ လျှပ်စစ်မီးလင်းရေး၊ စိုက်ပျိုးရေရရှိရေး ကျေးလက်ဆေးပေးခန်း ရရှိရေး အခြေခံပညာ ကျောင်းတိုးချဲ့ဆောင် ဆောက်လုပ်ပေးရေးစသည့် ဒေသဖွံံ့ဖြိုးရေး လိုအပ်ချက်များကို တင်ပြကြရာ ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ၊ ဌာနဆိုင်ရာများမှ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြပါသည်။

ထို့နောက် ဝန်ကြီးချုပ်မှ နိဂုံးချုပ်အမှာစကား ပြောကြားပြီး အဆိုပါကျေးရွာများအတွက် အားကစားပစ္စည်းများ၊ ဗလာစာအုပ်များ ထောက်ပံ့ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

5-7-2019 sgg 0015-7-2019 sgg 0025-7-2019 sgg 0035-7-2019 sgg 0055-7-2019 sgg 0075-7-2019 sgg 0085-7-2019 sgg 0095-7-2019 sgg 0105-7-2019 sgg 0115-7-2019 sgg 0125-7-2019 sgg 0135-7-2019 sgg 0145-7-2019 sgg 0155-7-2019 sgg 016