စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ရွှေဘို-မြစ်ကြီးနားလမ်း ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား ကြည့်ရှုစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် လျှပ်စစ်၊ စက်မှုနှင့်လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဇူလိုင် ၆ ရက်၊ နံနက်(၇)နာရီက ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ရွှေဘို-မြစ်ကြီးနားလမ်း ကတ္တရာလမ်းချဲ့၍ ထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီတွင် လမ်းဦးစီးဌာန ကန့်ဘလူမြို့နယ် ဦးစီးအရာရှိ(မြို့ပြ)ရုံး ဇင်းစခန်း ရှင်းလင်းဆောင်သို့ ရောက်ရှိပြီး ရွှေဘို-မြစ်ကြီးနားလမ်း တင်ဒါအောင် ကုမ္ပဏီ(၁၁)ခုနှင့် ဌာနမှလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးက ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က တင်ဒါအောင်မြင်ထားသည့် ကုမ္ပဏီများအနေဖြင့် လမ်းလုပ်ငန်းအား သတ်မှတ်ကာလအတွင်း ပြီးစီးရေးဆောင်ရွက်ရန်၊ ဌာနမှလည်း တွန်းအားပေး ဆောင်ရွက်ရန်၊ အရည်အသွေး စစ်ဆေးရေးအဖွဲ့မှလည်း သတ်မှတ်စံချိန်စံညွန်း ပြည့်မှီစေရေး စစ်ဆေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

6-7-2019 sgg 0016-7-2019 sgg 0026-7-2019 sgg 0036-7-2019 sgg 0046-7-2019 sgg 0056-7-2019 sgg 006

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon