စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ရေး ရှင်းလင်းဆွေးနွေးခြင်း

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ဝန်ကြီးချုပ်သည် (၈-၇-၂၀၁၉)ရက်နေ့ (၀၉၀၀)နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် Asia Great Economic Group Co,Ltd မှ ကလေးဝမြို့တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ရေးအတွက် လာရောက်ရှင်းလင်း ဆွေးနွေးခြင်းအား တက်ရောက်ခဲ့ပါသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ ဝန်ကြီးများနှင့် တိုင်းအဆင့် ဌာနဆိုင်ရာများမှ ကလေးဝမြို့တွင် ဘိလပ်မြေစက်ရုံ တည်ဆောက်နိုင်ရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။

8-7-2019 sgg 0018-7-2019 sgg 0028-7-2019 sgg 0038-7-2019 sgg 004