ဝါဆိုဉီးဆွမ်းလုံးပွဲ အခမ်းအနား တက်ရောက်

မုံရွာမြို့၊ ရွှေစည်းခုံဘုရား ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသည့် သမိုင်းဝင် ရွှေစည်းခုံ စေတီတော်မြတ်ကြီးတွင် နှစ်စဉ်နှစ်တိုင်း ဝါဆိုလဆန်း (၁၀)ရက်နေ့ မုံရွာမြို့ပေါ်ရှိ ကျောင်းတိုက်များ အားလုံးမှ သံဃာတော် အရှင်သူမြတ် (၄၀၀၀)ကျော်အား ဆွမ်းသပိတ်များဖြင့် ဆွမ်းလောင်းလှူပွဲ အခမ်းအနားကို (၁၁.၇.၂၀၁၉)ရက်နေ့ နံနက်(၀၇၃၀)နာရီအချိန် မုံရွာမြို့ သာသနာ့ဗိမာန်၌ ကျင်းပ ပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်ဇနီးမှ ဆွမ်းသပိတ်များကို ပါဝင် လှူဒါန်းခဲ့ကြပြီး အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်၊ စည်ပင်သာယာရေးဝန်ကြီး ဉီးမြင့်ကြည်နှင့် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဂေါပကအဖွဲ့များ၊ အလှူရှင်များ တက်ရောက်ကာ သံဃာတော်များအား ဆွမ်းသပိတ်များ လောင်းလှူခဲ့ကြောင်း သိရှိရပါသည်။

11-7-2019 sgg 01011-7-2019 sgg 01111-7-2019 sgg 01211-7-2019 sgg 01311-7-2019 sgg 01411-7-2019 sgg 01511-7-2019 sgg 01611-7-2019 sgg 01711-7-2019 sgg 01811-7-2019 sgg 019