စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင် ရွှေဘိုတက္ကသိုလ်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး အစည်းအဝေးသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သော စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ပြည်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာအောင် ယခုလို သက်ဆိုင်ရာတာန်ရှိသူများက ကဏ္ဍစုံကို အားလုံးပူးပေါင်း ဝိုင်းဝန်းဆွေးနွေး ပေးကြတဲ့အတွက် များစွာကျေးဇူးတင် ဝမ်းမြောက်ပါကြောင်းနှင့် အခုလိုသက်ဆိုင်ရာများ ပူးပေါင်းဆောင်ရွက်မှုများကို အလေးအနက်ထား အားပေးပါကြောင်း အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။ ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးရေးအတွက် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရေး အဖွဲ့ခေါင်းဆောင် ဒေါက်တာခင်မာချိုက သုတေသနပြုလုပ်ရခြင်း အကြောင်းအရင်းနှင့် အစည်းအဝေးတွင် ဆောင်ရွက်ရမည့် အစီအစဉ်များကို အသေးစိတ် ကျယ်ကျယ်ပြန့်ပြန့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသူများ၏ ဆွေးနွေးချက်များကို ဖြည့်စွက်ဆွေးနွေးပြီး ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရွှေဘိုမြို့ လိပ်ချင်းကျေးရွာအနီး ရှေ့ပြေး အဆင့်မြှင့်လယ်ယာမြေ ဖော်ဆောင်ခြင်း စီမံကိန်းတွင် လယ်ယာမြေများ ဖော်ထုတ်ပြီးစီးမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တောင်သူများ အချိန်ကုန် ငွေကုန်သက်သာအောင် စိုက်ပျိုးရေး နည်းစနစ်များကို မှန်ကန်စွာ အသုံးချပြီး စိုက်ပျိုးသီးနှံများကို စိုက်ပျိုးနိုင်စေရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး၊ စျေးကွက်ကောင်းများ ရရှိစေရေးတို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး တက်ရောက်လာကြသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ပါသည်။

3-8-2019 sgg 0013-8-2019 sgg 0023-8-2019 sgg 0033-8-2019 sgg 0043-8-2019 sgg 0053-8-2019 sgg 0063-8-2019 sgg 0073-8-2019 sgg 0083-8-2019 sgg 0093-8-2019 sgg 0103-8-2019 sgg 011

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon