စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဉီးစီးဌာနမှ ဖွင့်လှစ်သည့် Aerobicနှင့် Zumber Dance သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့် ကာယပညာဉီးစီးဌာနမှ ဖွင့်လှစ်သည့် Aerobic နှင့် Zumber Dance သင်တန်းဆင်းပွဲ အခမ်းအနားကို (၇.၈.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀) နာရီအချိန် မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းရှိ မိုးလုံလေလုံခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ဇနီး ဒေါ်တင့်တင့်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ ဝန်ကြီး ဉီးမိုးကျော်သူနှင့် ဇနီး၊ ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီးဒေါ်မွှေးမွှေးခင်၊ တိုင်းဒေသကြီး အမျိုးသမီးကော်မတီ အဖွဲ့ဝင်များနှင့် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ သင်တန်းသား/သူများ တက်ရောက်ကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဌာနမှ ဝန်ကြီးဉီးမိုးကျော်သူမှ သင်တန်းဆင်း အမှာစကား ပြောကြားပြီး သင်တန်းသူတစ်ဉီးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြား၍ သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ကာ သင်တန်းသူများမှ Aerobic Zumber Dance Myanmar Fitness Danceဖြင့် သရုပ်ပြကပြခဲ့ပြီး သင်တန်းသား/ သူများနှင့်အတူ မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ပါသည်။

7-8-2019 sgg 0017-8-2019 sgg 0027-8-2019 sgg 0037-8-2019 sgg 0047-8-2019 sgg 0057-8-2019 sgg 0067-8-2019 sgg 0077-8-2019 sgg 0087-8-2019 sgg 0097-8-2019 sgg 010

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon