စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို (၃.၉.၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်းဒေသကြီးဉပဒေချုပ်၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ်များမှ အားကစားသမားများနှင့် အသင်းခေါင်းဆောင် နည်းပြများ တက်ရောက်ခဲ့ပါသည်။ အဆိုပါ ဖွင့်ပွဲအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကား ပြောကြားပြီးနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပါဝင်ယှဉ်ပြိုင်ကြမည့် အားကစားသမားများအား လိုက်လံနှုတ်ဆက်ခဲ့ကြောင်းနှင့် အားကစားပြိုင်ပွဲများအား ပွဲစဉ်အလိုက် ဆက်လက်ကျင်းပခဲ့ရာ ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ကြည့်ရှု့ အားပေးခဲ့ပါသည်။

3-9-2019 sgg 0013-9-2019 sgg 0023-9-2019 sgg 0033-9-2019 sgg 0043-9-2019 sgg 0053-9-2019 sgg 0063-9-2019 sgg 0073-9-2019 sgg 0083-9-2019 sgg 0093-9-2019 sgg 0103-9-2019 sgg 0113-9-2019 sgg 0123-9-2019 sgg 0133-9-2019 sgg 014