စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

၂၀၁၉ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို (၅.၉.၂၀၁၉)ရက်နေ့ (၁၆၀၀)နာရီ အချိန်တွင် မုံရွာမြို့ ပြည်သူ့အားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်း ဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ မြို့နယ်များမှ ဆုရအားကစားသမားများနှင့် အသင်းခေါင်းဆောင် နည်းပြများ တက်ရောက်ခဲ့ကြပါသည်။ အဆိုပါ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် အမျိုးသမီး တံခွန်စိုက်ဖလား ရရှိသည့် အင်းတော် မြို့နယ်သို့လည်းကောင်း၊ အမျိုးသားတံခွန်စိုက်ဖလား ရရှိသည့် မုံရွာမြို့နယ်သို့လည်းကောင်း၊ အမျိုးသား/ အမျိုးသမီး စွယ်စုံတံခွန်စိုက်ဖလား ရရှိသည့် ဟုမ္မလင်းမြို့နယ်သို့လည်းကောင်း စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က တံခွန်စိုက်ဆုများ အသီးသီး ချီးမြှင့်ခဲ့ပြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများမှလည်း ပြိုင်ပွဲအလိုက် ဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီးနောက် မှတ်တမ်းတင်ဓါတ်ပုံများ ရိုက်ကူးခဲ့ကြပါသည်။

5-9-2019 sgg 0015-9-2019 sgg 0025-9-2019 sgg 0035-9-2019 sgg 0045-9-2019 sgg 0055-9-2019 sgg 0065-9-2019 sgg 0075-9-2019 sgg 0085-9-2019 sgg 0095-9-2019 sgg 0105-9-2019 sgg 0115-9-2019 sgg 0125-9-2019 sgg 0135-9-2019 sgg 0145-9-2019 sgg 0155-9-2019 sgg 0165-9-2019 sgg 0175-9-2019 sgg 0185-9-2019 sgg 0195-9-2019 sgg 0205-9-2019 sgg 0215-9-2019 sgg 0225-9-2019 sgg 0235-9-2019 sgg 024

 

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon