(၅၅)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခြင်းနှင့် စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်သည် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ (၅၅)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (၉-၉-၂၀၁၉)ရက်နေ့ (၀၇၀၀)အချိန်မှ (၁၀၀၀)အချိန်ထိ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်လေးစိုး ဦးဆောင်၍ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ တိုင်းရဲအကူတပ်ဖွဲ့ခွဲ၊ မုံရွာခရိုင်၊ ယင်းမာပင်ခရိုင်တို့မှ ရဲတပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်း၊ လူကုန်တား၊ သတင်း၊ မူးယစ်တို့မှ ရဲတပ်ဖွဲ့ဝင်များ စုစုပေါင်း (၁၇၀)ဦးတို့သည် မုံရွာမြို့ ပြည်သူ့ ဆေးရုံကြီးနှင့် အမျိုးသမီးဆေးရုံတို့တွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ရာသို့ တက်ရောက်ကြည့်ရှု အားပေးခဲ့ပါသည်။

ဆက်လက်ပြီး စုပေါင်းသွေးလှူဒါန်းပွဲ အခမ်းအနားကို နံနက်(၀၇၀၀) အချိန်တွင် မုံရွာပြည်သူ့ဆေးရုံကြီး၊ သွေးလှူဘဏ်၌ ကျင်းပပြုလုပ်ခဲ့ရာ မုံရွာမြို့၊ ပြည်သူ့ဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါက်တာ မာမာအေးမှ သွေးလှူဒါန်းခြင်းနှင့် ပတ်သက်ပြီး သိကောင်းစရာ များကို ရှင်းလင်း၍ ကျေးဇူးတင်စကားများ ပြောကြားခဲ့သည်။

ထို့နောက်သွေးလှူဒါန်းရန် သတ်မှတ်ချက်နှင့်ကိုက်ညီသူ ရဲတပ်ဖွဲ့ဝင်စုစုပေါင်း(၅၈)ဦး သွေးလှူဒါန်းနေမှုများကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းထွန်းအောင်၊ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ယာယီရဲမှူးချုပ်လေးစိုးနှင့် တာဝန်ရှိသူများ၊ မုံရွာမြို့ပြည်သူ့ဆေးရုံမှ ဒုတိယဆေးရုံအုပ်ကြီး ဒေါ်မာမာအေးတို့က လိုက်လံ ကြည့်ရှု၍ ဂုဏ်ပြုအားပေးစကား ပြောကြားခဲ့ကြပြီး သွေးလှူဒါန်းသူတစ်ဦးလျှင် ကြက်ဥ(၁၀)လုံးနှင့် နွားနို့များကိုလည်းကောင်း၊ အားဆေးများ၊ အအေးမျိုးစုံနှင့် စားစရာမျိုးစုံတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

9-9-2019 sgg 0019-9-2019 sgg 0029-9-2019 sgg 0039-9-2019 sgg 0049-9-2019 sgg 005