အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး တက်ရောက်

အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း ညှိနှိုင်းအစည်းအဝေး (၁/၂၀၁၉) ကို ယနေ့ ၁၁-၉-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန စုပေါင်းခန်းမ၌ ကျင်းပခဲ့ပါသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မိမိတို့လုပ်ငန်းကော်မတီ အနေဖြင့် လုပ်ငန်းတာဝန် (၁၅)ရပ်နှင့်အညီ လုပ်ငန်းကော်မတီများအကြား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခြင်း၊ မှန်ကန်သည့် သတင်းအချက်အလက်များ ဖြစ်စေရေး   ဆောင်ရွက်ခြင်း၊   သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အလျင်အမြန် တုံ့ပြန်နိုင်ရေး ဆောင်ရွက်ခြင်း၊ ဘေးဒဏ်ခုခံ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိရေး ဆောင်ရွက်ခြင်း စသည့်လုပ်ငန်းများအလိုက် သက်ဆိုင်ရာဌာနများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုလုပ်ငန်းများကို နေပြည်တော်ကောင်စီနယ်မြေ အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် အခြေခံလိုအပ်သော အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး ပစ္စည်းများသာမက ခေတ်မီနည်းပညာသုံး အသက်ကယ်ပစ္စည်းကိရိယာများ အသင့်ရှိရန် ဆောင်ရွက်လျှက်ရှိကြောင်း၊ စီမံချက်များ၊ စီမံကိန်းများရေးဆွဲ၍ စနစ်တကျ ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေး စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးအဖွဲ့ကို ဖွဲ့စည်းထားရှိပြီး တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ကာ ပညာရှင်များ၏ အကြံပြုချက်များ ရယူဆောင်ရွက်လျှက် ရှိပါကြောင်း၊ ပြည်သူများ၏ လှူဒါန်းမှုများကိုလည်း အလျင်အမြန် တု့ံပြန်ရေးလုပ်ငန်းများ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် အကျိုးရှိစွာ သုံးစွဲလျှက်ရှိပါကြောင်း၊ မိမိတို့လုပ်ငန်း ကော်မတီများအနေဖြင့် အခြားလုပ်ငန်း ကော်မတီများနှင့်လည်း လုပ်ငန်းကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်လျှက် ရှိပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် လုပ်ငန်းကော်မတီ အတွင်းရေးမှူး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က လုပ်ငန်းကော်မတီ၏ ဖွဲ့စည်းမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှု၊ အမျိုးသား ကော်မတီ၏ လမ်းညွှန်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ရန်ပုံငွေများစနစ်တကျ သုံးစွဲနေမှု၊ ၂၀၁၈ ခုနှစ် ရေဘေးပြန်လည် ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ယခုနှစ် ရေကြီးရေလျှံမှုများ ဖြစ်ပွားမှုနှင့် ပြန်လည်ထူထောင်ရေးများ စတင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပါသည်။

ယင်းနောက် ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်မှုများ၊ ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ချက်များကို ဆွေးနွေးတင်ပြကြပြီး တင်ပြချက်များအပေါ် အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပါသည်။

12-9-2019 sgg 00112-9-2019 sgg 002