စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး ရွှေဘိုမြို့ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲ ဖွင့်ပွဲသို့ တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တွင် ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွ့ံဖြိုးတိုးတက်ရေးဘဏ် (Glory Farmar's Development Bank) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၁၂) ရက် နံနက်(၉)နာရီက ရွှေဘိုမြို့ အမှတ်(၃)ရပ်ကွက် BOC မီးပွိုင့်အရှေ့ရှိ အဆိုပါ ဘဏ်ရှေ့မုဒ်ဦး၌ ကျင်းပပြုလုပ်ရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုးရေးဝန်ကြီး၊ ရွှေဘိုခရိုင်အုပ်ချုပ်ရေးမှူး၊ စည်ပင်သာယာရေး ကော်မတီဥက္ကဌ၊ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ် ဒုတိယဥက္ကဌ၊ ဒါရိုက်တာအဖွဲ့ဝင်များက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြပါသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးတို့က ရွှေဘိုမြို့ ဂုဏ်ထူးဆောင် တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးဘဏ်ခွဲ (G-Bank)ဆိုင်းဘုတ်အား စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ အခမ်းအနားသို့ တက်ရောက်လာကြသည့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့်အတူ အဆိုပါဘဏ်အဝင်တံခါးအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ ဘဏ်အတွင်းသို့ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပါသည်။

12-9-2019 sgg 00312-9-2019 sgg 00412-9-2019 sgg 00512-9-2019 sgg 006