စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

အောင်ပွဲရ စစ်ကိုင်းတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား ကြိုဆိုခြင်း အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် တက်ရောက်

၂၀၁၉ ခုနှစ် ၊ တိုင်းဒေသကြီး/ ပြည်နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် အောင်ပွဲရ စစ်ကိုင်းတိုင်းဒေသကြီး ပြေးခုန်ပစ်အသင်းအား (၃.၁၀.၂၀၁၉) ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး ဉပဒေချုပ်၊ အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဉီးစိုးဉီး၊ စစ်ကိုင်းမြို့ မြို့မိ/ဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်နေ ပြည်သူများမှ အောင်ပွဲရ အားကစားသမားများအား စစ်ကိုင်းတံတား (ရတနာပုံ) ထိပ်မှ ကြိုဆိုခဲ့ကြပါသည်။

၎င်းနောက် (၄.၁၀.၂၀၁၉)ရက်နေ့ မုံရွာမြို့သို့ ရောက်ရှိချိန်တွင် မုံရွာမြို့ မြို့အဝင်မုခ်ဉီးမှ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာဇော်ဝင်းနှင့် ပြေးခုန်ပစ် ဆပ်ကော်မတီ ဥက္ကဌ ဦးဝင်းခိုင်၊ ဒုတိယဥက္ကဌ ဦးတင်ထွန်း၊ ဌာနဆိုင်ရာများ၊ မြို့မိ/ဖများနှင့် ရပ်ကွက်ပြည်သူများမှ အောင်ပွဲရ အားကစားသမားများအား ကြိုဆိုခဲ့ကြပါသည်။

၂၀၁၉ ခုနှစ်၊ တိုင်းဒေသကြီး/ ပြည်နယ် အသက်(၁၈)နှစ်အောက် ပြေးခုန်ပစ်ပြိုင်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ရွှေ (၆)ခု၊ ငွေ (၇) ခု၊ ကြေး (၇)ခုဖြင့် အမျိုးသားတံခွန်စိုက်ဆု၊ အမျိုးသား၊ အမျိုးသမီး စွယ်စုံတံခွန်စိုက်ဆုနှင့် အတိုးတက်ဆုံး အသင်းဆု ရရှိခဲ့ကြပြီး အားကစား သမား(၄)ဦးမှာ စံချိန်ချိုးနိုင်ခဲ့ပါကြောင်းနှင့် အောင်ပွဲရ အားကစားသမားများအား မုံရွာမြို့ ပြည်သူ့ အားကစားကွင်းရှိ မိုးလုံလေလုံ အားကစားခန်းမ၌ နံနက်စာဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးဂုဏ်ပြု ခဲ့ပါသည်။

4-10-2019 sgg 0014-10-2019 sgg 0024-10-2019 sgg 0034-10-2019 sgg 0044-10-2019 sgg 0054-10-2019 sgg 0064-10-2019 sgg 0074-10-2019 sgg 0084-10-2019 sgg 0094-10-2019 sgg 010

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon