စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

ကမ္ဘာ့ဆရာများနေ့ World Teachers’ Day အထိမ်းအမှတ် အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် တက်ရောက်

ကမ္ဘာ့ဆရာများနေ့ World Teachers’ Day အထိမ်းအမှတ် အခမ်းအနားကို (၅.၁၀.၂၀၁၉)ရက်နေ့ နံနက်(၀၉၀၀)နာရီအချိန် မုံရွာမြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဉီးမျိုးမောင်၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ကျောင်းဆရာ/မများနှင့် ဆုရကျောင်းသား/သူများ၊ မိဘဆရာများ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားကို မုံရွာမြို့၊ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား သူများက “မြတ်ဆရာ သီချင်းဖြင့် စတင်ဖွင့်လှစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ အဖွင့်အမှာစကား ပြောကြားကာ ကမ္ဘာ့ဆရာများနေ့ World Teachers’ Day အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ဆုရရှိသည့် ကျောင်းသား/သူများအား ဝန်ကြီးချုပ်နှင့်အဖွဲ့မှ ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီး အသက်(၇၈)နှစ်အထက် အငြိမ်းစား ဆရာကြီး/ ဆရာမကြီး (၂၀)ဉီးတို့အား လက်ဆောင်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ခဲ့ကာ အငြိမ်းစားဆရာကြီး (၁)ဉီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီး မုံရွာမြို့၊ အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား/သူများက “အိုဘယ့်မြတ်ဆရာ သီချင်းဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

5-10-2019 sgg 0075-10-2019 sgg 0085-10-2019 sgg 0095-10-2019 sgg 0105-10-2019 sgg 0115-10-2019 sgg 0125-10-2019 sgg 0135-10-2019 sgg 0145-10-2019 sgg 0155-10-2019 sgg 0165-10-2019 sgg 0175-10-2019 sgg 0185-10-2019 sgg 0195-10-2019 sgg 0205-10-2019 sgg 0215-10-2019 sgg 022

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon