စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်သည် တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမင်းစမ်းအေး၊ ကောလင်းမြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ ခရိုင်/ မြို့နယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် (၅-၁၀-၂၀၁၉) ရက်နေ့ (၁၃၀၀)နာရီအချိန်တွင် ကောလင်းမြို့၊ မြောက်အင်းရပ်ကွက်ရှိ သမိဒ္ဓေါဒယ အောင်သီရိ သီလရှင်ကျောင်းတိုက်သို့ ရောက်ရှိပြီး ကျောင်းတိုက်ပဓာန နယကဆရာကြီးထံသို့ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ (ထောက်ပံ့) ရန်ပုံငွေကျပ် (၇)သိန်းအား ကျောင်းတိုက် အဝင်လမ်း ကွန်ကရစ်လမ်းခင်းရန် ဘိလပ်မြေအိတ် (၁၀၀)အိတ် ဝယ်ယူရန် ထောက်ပံ့ပေးခဲ့ပါသည်။ ဆက်လက်၍ ကောလင်းခရိုင် မီးသတ်ရုံး ဆောက်လုပ်ရန် မြေနေရာအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၄င်းနောက် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်သည့် ကောလင်းမြို့နယ်၊ ခမောက်တောင် ဘုရားသွားလမ်းတွင် (၁၅×၁၂)ပေ ကွန်ကရစ်တံတား (၂)စင်း ဆောက်လုပ်ပြီးစီးမှုအား စစ်ဆေးခဲ့ပါသည်။

(၆-၁၀-၂၀၁၉) ရက်နေ့တွင် ဝန်ကြီးသည် ကောလင်းမြို့နယ်၊ သစ်ထုတ်ရေးရိပ်သာတွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အစည်းအဝေးပြုလုပ်၍ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊ ဒေသဖွံ့ဖြိုးရေး ကိစ္စရပ်များအား ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ပါသည်။ ဝန်ကြီးနှင့်အဖွဲ့သည် ဝန်းသိုမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ဝန်သို့မြို့နယ်၊ နမ့်ခမ်းကျေးရွာ ဓမ္မာရုံ၌ ပြည်ထောင်စု နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေ(ထောက်ပံ့) ရန်ပုံငွေ(၃၉.၆)သိန်းဖြင့် ချောင်းကြီးကျေးရွာနှင့် စကြာမောင်ကျေးရွာတို့သို့ သောက်သုံးရေ ရရှိရေးအတွက် ဂါလံ(၂၀၀၀)ဆန့် ရေကန်(၁)ကန်စီ တည်ဆောက်ရန် ရန်ပုံငွေပေးအပ်ခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ဝန်းသို- နမ့်ခမ်း- တောင်ကုန်း- ဗန်းမောက်လမ်း (၁၈)မိုင် အနက်မှ (၃/၀)မိုင် ကတ္တရာခင်းခြင်း လုပ်ငန်းကို စစ်ဆေးခဲ့ပြီး ပြည်ထောင်စု ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် (Box Culvert) တည်ဆောက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပါသည်။

6-10-2019 sgg 0036-10-2019 sgg 0046-10-2019 sgg 0056-10-2019 sgg 0066-10-2019 sgg 0076-10-2019 sgg 0086-10-2019 sgg 0096-10-2019 sgg 0106-10-2019 sgg 0116-10-2019 sgg 0126-10-2019 sgg 0136-10-2019 sgg 0146-10-2019 sgg 0156-10-2019 sgg 0176-10-2019 sgg 0186-10-2019 sgg 0196-10-2019 sgg 020