ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့မှ သစ်တောဦးစီးဌာနသို့ Cellular Trailcam ထိန်းချုပ်ရေးစခန်း အဆောက်အဦ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကျင်းပ

၇.၁၀.၂၀၁၉ ရက်နေ့နံနက် ၁၀၃၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ အလောင်းတော်ကဿပ အမျိုးသားဥယျာဉ်၌ ကျင်းပပြုလုပ်သော ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့မှ သစ်တောဦးစီးဌာနသို့ Cellular Trailcam ထိန်းချုပ်ရေးစခန်း အဆောက်အဦ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူ၊ တိုင်းသစ်တော ဦးစီးမှူး ဦးသန်းစိုး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့အခြေစိုက် ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့ Global Conservationမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာတင့်လွင်သောင်းနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူက အဖွင့်အမှာစကား ပြောကြားကာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ် ဆန်ဖရန်စ္စကိုမြို့အခြေစိုက် ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့ Global Conservationမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာတင့်လွင်သောင်းက Cellular Trailcam ထိန်းချုပ်ရေးစခန်း အဆောက်အဦ လွှဲပြောင်းပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။

ထို့နောက် ကမ္ဘာမြေထိန်းသိမ်းရေးအဖွဲ့ Global Conservationမှ အမှုဆောင်ဒါရိုက်တာ ဒေါက်တာတင့်လွင်သောင်းမှ Cellular Trailcam ထိန်းချုပ်ရေးစခန်းနှင့် ပစ္စည်းကိရိယာများ (ကွန်ပျူတာ Desktopနှင့် Laptop၊ လေဝင်လေထွက်စနစ်၊ ပရိဘောဂနှင့်မြေပုံ)တို့နှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား အလောင်းတော်ကဿပ အမျိုးသားဥယျာဉ် အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်း ပေးအပ်ပြီးနောက် စစ်ကိုင်းတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုးက ကျေးဇူးတင်စကား ပြောကြားခဲ့ပါသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသည့် ဧည့်သည်တော်များနှင့်အတူ မှတ်တမ်းဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

7-10-2019 sgg 0017-10-2019 sgg 0027-10-2019 sgg 0037-10-2019 sgg 0047-10-2019 sgg 0057-10-2019 sgg 0067-10-2019 sgg 0077-10-2019 sgg 0087-10-2019 sgg 009