သောတာပန် ဆီ၊ဆား၊ဆေး အလှူတော် အောင်ပွဲအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ တက်ရောက်

မုံရွာမြို့တွင် သီတင်းသုံးတော်မူကြသော ရဟန်း၊ သာမဏေ၊ သီလရှင်တို့အား နဝမအကြိမ် သောတာပန် ဆီ၊ ဆား၊ ဆေး အလှူတော်အောင်ပွဲ အခမ်းအနားကို (၁၀-၁၀-၂၀၁၉) ရက်နေ့ နံနက် (၀၉၀၀)နာရီ အချိန်တွင် မုံရွာမြို့ သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဌ၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့်အဖွဲ့၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်းဒေသကြီး ဥပဒေချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး၊ လွှတ်တော် ကိုယ်စားလှယ်များ၊ ဒါယကာ/ဒါယိကာမများ တက်ရောက်ခဲ့ပြီး ကြွရောက်လာသော ဆရာတော်များအား ဆီ၊ ဆား၊ ဆေးများ ပါဝင်လှူဒါန်းခဲ့ပြီး ဓမ္မဒူတဒေါက်တာ အရှင်ဆေကိန္ဒဆရာတော် ဘုရားအား ဖူးမြော်ကြည်ညိုခဲ့ပါသည်။

ဆက်လက်၍    နံနက်(၁၀၀၀)နာရီ အချိန်တွင်    အောင်ပွဲမင်္ဂလာ အခမ်းအနားကို ကျင်းပဆောင်ရွက်ခဲ့ရာ မုံရွာမြို့ ဓမ္မပါရဂူကျောင်းတိုက် ဆရာတော်မှ ပရိတ်သတ်များက ကိုးပါးသီလ ခံယူဆောက်တည်ပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ဖတ်ပူဇော်သော ပရိတ်တရားတော်များ နာယူကြည်ညိုကာ အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းခဲ့ကြပါသည်။ အခမ်းအနားတွင် သဒ္ဓမ္မဇောတကသုဗောဓာရုံ ကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာ တရားနာယူ ကြည်ညို၍ ရေစက်သွန်းချ အမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

10-10-2019 sgg 00110-10-2019 sgg 00210-10-2019 sgg 00310-10-2019 sgg 00410-10-2019 sgg 00510-10-2019 sgg 00610-10-2019 sgg 00710-10-2019 sgg 00810-10-2019 sgg 00910-10-2019 sgg 01010-10-2019 sgg 01110-10-2019 sgg 01210-10-2019 sgg 01310-10-2019 sgg 01410-10-2019 sgg 01510-10-2019 sgg 016