စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

သီတဂူဗုဒ္ဓတက္ကသိုလ် (ကန့်ဘလူ-ကျွန်းလှ) ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ

၁၈.၁၀.၂၀၁၉ ရက်နေ့ နံနက် ၀၈၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့ရှိ သီတဂူဗုဒ္ဓတက္ကသိုလ် (ကန့်ဘလူ-ကျွန်းလှ)တွင် ပထမအကြိမ် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ သီတဂူဆရာတော် ဒေါက်တာ ဉာဏိဿရ၊ ဆရာတော်၊ သံဃာတော်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ၊ တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ အလှူရှင်များ တက်ရောက်ခဲ့ကြပါသည်။

အခမ်းအနားအား နမောတဿ ၃ ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်ခဲ့ပြီး သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော်ကြီးအား ပူဇော်ကန်တော့ကာ ကျွန်းလှသီတဂူ ဗုဒ္ဓတက္ကသိုလ် ဘွဲ့နှင်းသဘင် အကြောင်းအရာများ လျှောက်ထား တင်ပြခဲ့ကြပါသည်။

ထို့နောက် သီတဂူဗုဒ္ဓတက္ကသိုလ် (ကျွန်းလှ)၏ ပါမောက္ခချုပ်ဆရာတော် အရှင်ဓမ္မပီယမှ ဘွဲ့နှင်းသဘင် အမှာစကား မိန့်ကြားခဲ့ပြီး တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် ကိုယ်စား လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူက ဝမ်းမြောက်စကား လျှောက်ထားခဲ့ပါသည်။

ဆက်လက်၍ သီတဂူအဓိဌာန်ရွတ်ဆိုကာ ဒီပလိုမာဘွဲ့များ ပေးအပ်ပြီးနောက် သီတဂူဆရာတော် ဒေါက်တာ ဉာဏိဿရမှ ဘွဲ့နှင်းသဘင် သြဝါဒကထာ မိန့်ကြားတော်မူပြီး ဗုဒ္ဓသာသနာ စိရံတိဌတု ၃ကြိမ် ရွတ်ဆို၍ ဘွဲ့နှင်းသဘင် အခမ်းအနားအား အောင်မြင်စွာ ပြီးမြောက်ခဲ့ကြပါသည်။

18-10-2019 sgg 00118-10-2019 sgg 00218-10-2019 sgg 00318-10-2019 sgg 00418-10-2019 sgg 005

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon