စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

တိုးချဲ့ (၂) ထပ် လူနာဆောင်နှင့် (၈) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားကျင်းပ

(၁၉.၁၀.၂၀၁၉) ရက်နေ့ နံနက် ၀၉၀၀ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရေဦးမြို့၊ ခုတင် ၁၀၀ဆံ့ ပြည်သူ့ဆေးရုံ၌ ကျင်းပပြုလုပ်သော တိုးချဲ့ (၂) ထပ် လူနာဆောင်နှင့် (၈) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူ၊ တိုင်းကျန်းမာရေးဦးစီးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းသိမ်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပါသည်။

ပထမပိုင်းအစီအစဉ်တွင် တိုးချဲ့ (၂)ထပ် လူနာဆောင်အား တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဦးမိုးကျော်သူ၊ တိုင်းကျန်းမာရေးဦးစီးမှူး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းသိမ်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ကာ လူနာဆောင်သစ်အား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပါသည်။

ဒုတိယပိုင်း အစီအစဉ်အဖြစ် ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ရာ အခမ်းအနားတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့၊ လျှပ်စစ်စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းမှ အဖွင့်အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူက မိတ်ဆက်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုးချဲ့ (၂) ထပ် လူနာဆောင်နှင့် (၈) ခန်းတွဲ (၄) ထပ် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအထိမ်းအမှတ် အလံများ ပေးအပ်ကြပါသည်။ ထို့နောက် ဒေသခံပြည်သူများ ကိုယ်စား မြို့မိမြို့ဖ ဦးစံဌေးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး ဖွင့်ပွဲအခမ်းအနား အောင်မြင်စွာ ပြီးမြောက်ခဲ့ပါသည်။

19-10-2019 sgg 00119-10-2019 sgg 00219-10-2019 sgg 00319-10-2019 sgg 00419-10-2019 sgg 00519-10-2019 sgg 00619-10-2019 sgg 00719-10-2019 sgg 00819-10-2019 sgg 00919-10-2019 sgg 01019-10-2019 sgg 011

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon