စစ်ကိုင်းတိုင်းဒေသကြီးသတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သန်းထွန်းအောင်နှင့် လျှပ်စစ်၊ စက်မှု၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဦးသန်းညွန့်ဝင်းတို့သည် တိုင်းဒေသကြီး ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၊ ညွှန်ကြားရေးမှူး ဦးအောင်တင်ကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမင်းသိန်း၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ထွေး၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ယာယီရဲမှူးညွန့်ဝင်း၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ လိုက်ပါလျက် (၂၆.၁၀.၂၀၁၉)ရက်နေ့ ၀၉၀၀အချိန်တွင် ရေဦးမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ မင်္ဂလာရာမ ကျောင်းတိုက်သို့ ရောက်ရှိပြီး မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် မျက်နှာကျက်အမိုးများ ပြုပြင်ရန်အတွက် ငွေ(၁၃၀၀၀ဝိ/-) လှူဒါန်းခဲ့ပြီး ဆက်လက်၍ ဗိုလ်အောင်ဇေယျရပ်ကွက်၊ ထန်းတပင်ကျောင်းတိုက်သို့ ရောက်ရှိပြီး မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဓမ္မာရုံမျက်နှာကျက် ပြိုကျခြင်းများပြုပြင်ရန် ငွေ(၁၆၇၆၀၀ဝိ/-) လှူဒါန်းခဲ့ပါသည်။ ဝန်ကြီးနှင့်အဖွဲ့သည် ၀၉၄၅အချိန်တွင် အောင်ချမ်းသာရပ်ကွက်၊ ချမ်းသာကြီး ကျောင်းတိုက်သို့ ရောက်ရှိပြီး မြေငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့သည့် ဗုဒ္ဓရုပ်ပွားတော်နှင့် ပဉ္စဝဂ္ဂီ(၅)ဦးသီတင်းသုံးရန် အာရုံခံအတွင်းရှိ တန်ကဲပြိုကျပျက်စီးမှု ပြုပြင်ရန်အတွက် ငွေ(၈၀၀၀၀ဝိ/-)၊ မဟာဓမ္မာရုံ ကျောင်းတိုက် အာရုံခံအဆောက်အဦ အက်ကွဲမှုပြုပြင်ရန် ငွေ(၈၆၄၀၀ဝိ/-) လှူဒါန်းခဲ့ပါသည်။ ဆက်လက်၍ ၁၀ ၁၀အချိန်တွင် အောင်မင်္ဂလာရပ်ကွက်၊ ကမ္ဘားယံကျောင်းတိုက်သို့ ရောက်ရှိပြီး အာရုံခံကျောင်းတိုက် အက်ကွဲခြင်းပြုပြင်ရန် ငွေ(၁၀၀၀၀၀ဝိ/-)၊ ၁၀၅၅အချိန်တွင် စည်သာမြေ ကျေးရွာသို့ရောက်ရှိပြီး တောင်ကျောင်းတိုက် ပင်မကျောင်းဆောင်နှင့် ဘုရားဆောင်လှေကားများ ပြုပြင်ရန် ငွေ(၃၁၁၆၆၀ဝိ/-) လှူဒါန်းခဲ့ပါသည်။ ၁၁၃၀ အချိန်တွင် မဲအိုးကျေးရွာရှိ ဉာဏရောင်ခြည် မျက်မမြင်ကျောင်း၊ ၁၂ ၁၀ အချိန်တွင် မြင်းပေါက်ကျေးရွာရှိ မယ်နုအုတ် ကျောင်းသို့လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ၁၃၅၀ အချိန်တွင် ဇိန်ဇွန်ကျေးရွာသို့ ရောက်ရှိပြီး ပိဋကတ်ကျကျေးရွာရှိ မုဒ်ဦးအက်ကွဲခြင်းပြုပြင်ရန် ငွေ(၄၃၅၀၀ဝိ/-) တို့အား လှူဒါန်းခဲ့ ပါသည်။ ဝန်ကြီးနှင့်အဖွဲ့သည် (၂၇.၁၀.၂၀၁၉) ၀၈၄၀အချိန်တွင် ခင်ဦးမြို့နယ်သို့ ရောက်ရှိပြီး ပေါင်းလဲကုန်း ကျေးရွာအုပ်စု၊ ရွှေဒါးကျကျောင်းတိုက်(၂)ထပ် ပြုပြင်ရန် ငွေ(၂၀၀၀၀၀ဝိ/-)၊ ဘောဇန ဿပါရကျောင်းတိုက် (၁)ထပ်ပြုပြင်ရန်ငွေ (၂၀၀၀၀၀ဝိ/-)၊ ဘုံကျော်ကျောင်းတိုက် မုဒ်ဦးပြုပြင်ရန် ငွေ(၁၈၃၈၀၀ဝိ/-)၊ တပင်ကောင်းကျေးရွာအုပ်စု၊ မဏိကုန်းကျေးရွာ ပစ္စမာရုံကျောင်းတိုက် ပြုပြင်ရန် ငွေ(၁၀၀၀၀၀ဝိ/-)၊ အရှေ့ကျောင်းတိုက် ပြုပြင်ရန်ငွေ (၁၀၀၀၀၀ဝိ/-)၊ ဗအိုးကျေးရွာအုပ်စု၊ ရွှေဘုံသာ ဘုန်းတော်ကြီးကျောင်း ပြုပြင်ရန် ငွေ(၂၀၀၀၀၀၀ဝိ/-)၊ ဆူးတက်ရွာဦးကျောင်းသစ် ပြုပြင်ရန် ငွေ(၅၀၀၀၀ဝိ/-)၊ ရွာဦးကျောင်း(၂)ထပ်ပြုပြင်ရန်ငွေ(၅၀၀၀၀ဝိ/-) အလှူငွေအသီးသီးအား ပေးအပ်လှူဒါန်းခဲ့ပါသည်။

28-10-2019 sgg 00128-10-2019 sgg 00228-10-2019 sgg 00328-10-2019 sgg 00428-10-2019 sgg 00528-10-2019 sgg 006

သတင်း အချက်အလက်

ဒေသန္တရ အချက်အလက်များ

ခရိုင်နှင့် မြို့နယ်အလိုက် ဒေသန္တရအချက်အလက်များ

ပညာရေးကဏ္ဍ

ကျန်းမာရေးကဏ္ဍ

ဘာသာရေးကဏ္ဍ

ကျေးလက်ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးကဏ္ဍ

ရွေးကောက်ပွဲ ကော်မရှင်ကဏ္ဍ

တိုင်းရင်းသား လူမျိုးများ

ပွဲတော်များ

Online Visitors

Flag Counter

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့

စိန်ပန်းပြာလမ်းနှင့် ကမ်းနားလမ်းထောင့်၊ အိုးဘိုတောင်ရပ်ကွက်၊ မုံရွာမြို့။
ဖုန်း - ၀၇၁ - ၂၂၅၃၁
ဖက် - ၀၇၁ - ၂၂၅၃၇
facebook-icon