အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းဆင်းပွဲ ကျင်းပ


                              မုံရွာ- မတ် ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေး လုပ်ငန်းပညာ သင်တန်းကျောင်းတွင် မတ်လ၂၀ ရက်၊ နေ့လည် ၁၁ နာရီအချိန်က အဆင့်မြင့် စက်ချုပ်သင်တန်း အမှတ်စဉ်( ၂၄ )နှင့် အခြေခံ အိမ်တွင်းမှု သင်တန်း အမှတ်စဉ်( ၂၈ ) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသာအေးက  ဲ ဲ  နိုင်ငံတော်က ရည်ရွယ်ချက်ကြီးမားစွာနဲ့ ငွေကြေးအမြောက်အမြား အကုန်အကျခံပြီး ကောင်းမြတ်တဲ့ စိတ်ရင်းစေတနာ ထားရှိမှုကို သင်တန်းသူများအနေဖြင့် အသိအမှတ်ပြုပြီး မိမိတို့သင်ကြားတတ်မြောက်ထားသည့် စက်ချုပ် ပညာရပ်များဖြင့် မိသားစုဝင်ငွေတိုးပွားစေမည့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများအဖြစ် အခိုင်အမာရပ်တည် နိုင်အောင် ဆောင်ရွက်ကြရန်နဲ့ တစ်ရွာထုတ်ကုန်တစ်မျိုးမှသည် ကျေးလက်လူမှုစီးပွားမြင့်မားလာအောင်
စွမ်းဆောင်နိုင်တဲ့     အမျိုးသမီးကောင်းများ  ဖြစ်အောင်  ကြိုးပမ်း ကြံစည် လုပ်ကိုင်ဆောင်ရွက်ကြစေလို ပါတယ်  ဲ ဲ ဟု ယင်းသင်တန်းဆင်းပွဲတွင် ပြောကြားခဲ့သည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ်က   သင်တန်းတွင် ထူးချွန်ဆု ရရှိသည့် သင်တန်းသူ(၂)ဦးကို အပ်ချုပ်စက်တစ်လုံးစီကို ချီးမြှင့်ပေးခဲ့ပြီး တိုင်းဒေသကြီးလွှတ်တော်ဒုတိယ ဥက္ကဌ ဦးသောင်းစိန်က  သင်တန်းဆင်းလက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သိရသည်။

ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး၊    မုံရွာခရိုင်၊  ချောင်းဦးမြို့နယ်၊      ခင်မွန်ကျေးရွာမှ သင်တန်းသူ မထက်ထက်နိုင်က    ဲ ဲ ကျွန်မ တက်ရောက်ခဲ့တဲ့   အခြေခံ အိမ်တွင်းမှု သင်တန်းမှာ စက်ချုပ် ဘာသာရပ်(၁၆)မျိုး၊  မြန်မာ့ရိုးရာ ဟင်းချက်နည်း အမျိုးမျိုးနဲ့  မုန့်လုပ်နည်း အမျိုးမျိုးတို့ကို ကျွမ်းကျင်စွာ တက်မြောက်သင်ယူနိုင်ခဲ့ပါတယ်။ သင်တန်းကျောင်းကနေ ဒေသအရောက် အသွားအပြန်ကုန်ကျစရိတ်ကို ကျခံပေးသလို  သင်တန်းတက်ရောက်နေစဉ်  ကာလမှာလည်း    နေစရိတ်၊   စားစရိတ်ကုန်ကျမှု   မရှိဘဲ
နိုင်ငံတော်မှ   ထောက်ပံ့ပေးခဲ့တဲ့အတွက် ကျွန်မတို့ အမျိုးသမီးများအတွက် အင်မတန်အကျိုးကျေးဇူးများ တဲ့ သင်တန်းလည်းဖြစ်ပါတယ်။ကျွန်မအနေနဲ့ နောက်  ဖွင့်လှစ်မယ့်  အဆင့်မြင့် သင်တန်းကို ဆက်လက် တက်ရောက်သွားမှာဖြစ်သလို အမျိုးသမီးတိုင်း ဖြစ်နိုင်ရင် တက်သင့်တဲ့ ငွေကြေးကုန်ကျမှုမရှိတဲ့သင်တန်း လည်း ဖြစ်ပါတယ်   ဲ ဲ ဟုပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ အဆင့်မြင့် စက်ချုပ်သင်တန်းအမှတ်စဉ်( ၂၄ )သို့ သင်တန်းသူ (  ၃၀ )ဦး၊   အခြေခံအိမ်တွင်မှုသင်တန်း အမှတ်စဉ်( ၂၈ )သို့ သင်တန်းသူ( ၆၈  )ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလမှာ ရက်သတ္တပတ် (၁၄)ပတ်ကြာမြင့်ခဲ့ကြောင်းသိရသည်။

 

မင်းခန့်စိုး(ဇေယျာမြေ)