မုံရွာလူထု စက်ဘီးစီးပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်အဖွဲ့ တက်ရောက်

(၁.၁၂.၂၀၁၉)ရက်နေ့တွင် မုံရွာလူထု စက်ဘီးစီးပွဲကို မုံရွာမြို့ပြည်သူ့ အားကစား ကွင်းမှ မိန်းလမ်းအတိုင်း ကျွဲရဲအဝိုင်း - ကျွဲရဲအဝိုင်းမှ တောင်ဘက် ကမ်းနားလမ်းအတိုင်း မြို့ပတ် လမ်းအထိ - မြို့ပတ်လမ်းမှ ဗိုလ်ချုပ်လမ်းအတိုင်း မြောက်သို့ ပြည်သူ့အားကစားကွင်းအထိ စုပေါင်း စီးနင်းခဲ့ရာ လူဉီးရေတစ်ထောင်ကျော် ပါဝင်စီးနင်းခဲ့ကြောင်း၊ အဆိုပါစက်ဘီးနင်းပွဲ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် ဇနီး၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ၊ အားကစားကော်မတီဝင်များ တက်ရောက်ကာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်မှ သေနတ်ပစ်ဖေါက်ပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပါသည်။

၎င်းနောက် စက်ဘီး(၃)စီးအား ကံစမ်းမဲနှိုက် ဖောက်ပေးခဲ့ရာ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ပေးအပ်သည့် စက်ဘီးကို မုံရွာတောင်ရပ်နေ ကိုရဲထွန်းမှ လည်းကောင်း၊ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဌမှ ပေးအပ်သည့် စက်ဘီးကို ချမ်းမြသာစည် ရပ်နေ မောင်အာကာမင်းပြည့်ဖြိုးမှလည်းကောင်း၊ သိန်းလင်းစက်ဘီးဆိုင်မှ ပေးအပ်သော စက်ဘီးကို ဆူးလေကုန်းရပ်နေ မောင်ဇင်မင်းသန့်အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဇနီးမှလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ကြပါသည်။

အလားတူ ဒီဇင်ဘာ (၁၅)ရက်နှင့် (၂၉)ရက်နေ့များတွင် ကျင်းပမည့် စက်ဘီးစီးနင်းပွဲ တွင်လည်း စက်ဘီး(၃)စီးအား ယခုကဲ့သို့ ကံစမ်းမဲနှိုက်ချီးမြှင့်သွားမည် ဖြစ်ပါသည်။

1-12-2019 sgg 0011-12-2019 sgg 0021-12-2019 sgg 0031-12-2019 sgg 0041-12-2019 sgg 0051-12-2019 sgg 006