စစ်ကိုင်းတိုင်းဒေသကြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနား ကျင်းပပြုလုပ်

၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလ (၃)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ မြို့တော်ခန်းမ၌ (၃.၁၂.၂၀၁၉)ရက်နေ့ နံနက် (၀၉:၀၀)နာရီ အချိန်တွင် ကျင်းပရာ အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ လွှတ်တော်ဉက္ကဌ ဦးသန်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်း (၂၅၀)ဦးခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးမိုးကျော်သူက ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ပေးပို့သော သဝဏ်လွှာကို ဖတ်ကြားခြင်း၊ မျက်မမြင် ကျောင်းများမှ ကျောင်းသား/ ကျောင်းသူများက တေးဂီတများဖြင့် သီဆိုဖျော်ဖြေခြင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အဆိုပြိုင်ပွဲများတွင် ဆုရရှိသူများမှ သီဆိုဖျော်ဖြေခြင်း၊ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် အခြေခံပညာ မူလတန်းအဆင့်၊ အလယ်တန်း အဆင့်၊ အထက်တန်းအဆင့်၊ စာစီစာကုံးပြိုင်ပွဲ၊ အဆို၊ စစ်တုရင်နှင့် ပန်းချီပြိုင်ပွဲများတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုချီးမြှင့်ခြင်းတို့ကို အသီးသီးဆောင်ရွက်ပြီး အခမ်းအနားကို(၁၀:၃၀) နာရီအချိန်တွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

3-12-2019 sgg 0013-12-2019 sgg 0023-12-2019 sgg 0033-12-2019 sgg 0043-12-2019 sgg 0053-12-2019 sgg 0063-12-2019 sgg 0073-12-2019 sgg 0083-12-2019 sgg 0093-12-2019 sgg 010